Saturday, October 30, 2010

CLEO goes shopping at Bugis Junction - Shopping App SG No.9

CLEO goes shopping at Bugis Junction (အခမဲ့)
ထုတ်ဝေသူ : Codigo Pte Ltd. ကုမ္ပဏီ : Codigo Pte Ltd. http://www.codigoconnect .com ရက်စွဲ (Rating) : August 12, 2010 (14 Ratings) Version (Size) : 1.1 (169KB)

စင်ကာပူမှာ Bugisကို မသိတဲ့လူရှားသလို မကြိုက်တဲ့လူလဲ ရှားပါတယ်။ Bugis Junction၊ Bugis Village၊ ကွမ်ရင်မယ်တော်ကျောင်း၊ Simlim Square၊ Bugis MRTအပေါ်တည့်တည့်က BHG Shopping Mall၊ Bugis Juctionအနောက်ဘက်က ညဘက်မှ စီကားတဲ့ BBQ & HotPotဈေးတန်းကလေးများ၊ နိုင်ငံခြားသားများအကြိုက် ဘီယာဆိုင်များ၊ နာမည်ကြီးဟိုတယ်၊ စားသောက်ဆိုင်ပေါင်းများစွာ၊ ဗဟိုစာကြည့်တိုက် စသ့ည်နေရာပေါင်းများစွာ Bugis MRTတ၀ိုက်မှာ ရှိပါတယ်။

 ဒီ Appကတော့ Bugis Junctionမှာ ဈေးဝယ်မည့်လူတွေအတွက် Codigo Companyကနေ အထူးထုတ်လုပ်ထားတဲ့ Appဖြစ်ပါတယ်။ ဒီနေ့ Bugis Junctionမှာ ဘာအထူးအစဉ်တွေရှိလဲ၊ ဘာတွေဈေးချသလဲ ဆိုတာ ဒီAppကလေးကို တချက်ကလေး ဖွင့်ကြည့်လိုက်ရုံနဲ့ ရပါတယ်။ အထူးအစီအစဉ်ရှိတဲ့ ဆိုင်ရဲ့ ကြေငြာက ဓတ်ပုံအနေနဲ့ ပြထားတာမှတ်လို့ သင်စိတ်ဝင်စားတဲ့ပုံကို နှိပ်ကြည့်လိုက်ရုံပါပဲ။

 ဒါ့အပြင် သင်ဟာ CapitaCardကို ကိုင်ဆောင်ထားတဲ့လူ ဖြစ်တယ်ဆိုရင် ဒီBugis Junctionမှာ ထပ်ပြီးအထူးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။ ကိုင်း၊ ဘာတွေဈေးချသလဲ ဖွင့်ကြည့် လိုက်ရအောင်။

CapitaCardအကြောင်း 
Capital Land Companyကနေပြီး VISAနဲ့ ပူပေါင်းပြီးထုတ်ထားတဲ့ ကဒ်တွေဖြစ်ပါတယ်။ ဒီကဒ်နဲ့ ဈေးဝယ်မယ်ဆိုရင် သင်ဟာ(၂၀)% Cash Rebateရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကဒ်က Capital Land Companyက ဆောက်လုပ်ထားတဲ့ Shopping Mallတွေမှာသာ ရမှာပါ။ အောက်ပါMallတွေမှာ ဒီCapitaCardနဲ့ သင်ဈေးဝယ်နိုင်ပါတယ်။
 1. Bugis Junction
 2. Bukit Panjang Plaza
 3. Clarke Quay
 4. Funan DigiLife Mall
 5. IMM 6. Junction 8
 7. Lot One
 8. Plaza Singapura
 9. Raffles City Shopping Centre
 10. Riverale Mall
 11. Sembawang Shopping Centre
 12. Tampines Mall 

Fleas&Fairs Singapore - Shopping App SG No.8

Fleas & Fairs Singapore (အခမဲ့)


ထုတ်ဝေသူ : Omnitoons Pte Ltd ကုမ္ပဏီ : Omnitoons Pte Ltd  http://www.omnitoons.com 
ရက်စွဲ (Ratings): October 14, 2009 (150 Ratings) Version (Size) : 1.0 (37.4MB)
ဒီAppကလေးကတော့ သူများနဲ့ မတူ တစ်မူထူးခြားတဲ့ Appကလေး ဖြစ်ပါတယ်။ ဈေးဝယ်တဲ့ Appဖြစ်ပေမယ့် သာမာန်ဈေးနဲ့ ပတ်သက်တဲ့ သတင်းများကိုပေးတဲ့ Appမဟုတ်ပါဘူး။ လမ်းခင်းဈေး၊ လမ်းဘေးဈေး စတဲ့ ထူးခြားတဲ့ဈေးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပေးတဲ့ Appကလေးပဲ ဖြစ်ပါတယ်။ 
နေရာတိုင်း၊ Shopping Mallထဲမှာ တူညီတဲ့ဖွဲ့စည်းမှုနဲ့ ပုံစံတူပစည်းတွေကို လိုက်ကြည့်ရတာ၊ Windowရှော့ပင်လုပ်ရတာ နဲနဲငြီးငွေ့ လာတဲ့လူများ၊ တိုလီမုတ်စ ရှာဖွေတာ ၀ါသနာပါတဲ့လူများ၊ လူတွေနဲ့ ထိတွေချင်တဲ့လူများ၊ အိမ်မှာရှိတဲ့ မသုံးဖြစ်တဲ့ ပစည်းတွေကို ရောင်းချင်တဲ့ လူများအတွက် ဒီAppကလေးကို စမ်းကြည့်လိုက်ပါ။
ဒီAppကလေးမှာ ပေးထားတဲ့ သတင်းတွေကတော့ လစဉ်ကျင်းပတဲ့ဈေးသတင်း ပါရှိပါတယ်။ ပြီးတော့ Editorအကြိုက်ဆုံးနေရာရဲ့  သတင်းလေးလဲပါပါတယ်။ ဒါ့အပြင် နေရာကနေ တစ်ဆင့်လဲ ရှာနိုင်ပါတယ်။
Bugisမှာရှိတဲ့ လမ်းခင်းဈေးကတော့ စာရေးသူလဲ အသိနဲ့  လိုက်ပြီးသွားဖူးလို့ ကြိုက်ပါတယ်။ ဘာရယ်လို့ မဟုတ်ပါဘူး။ အဘိုးကြီး၊ အဘွားကြီးတွေက သူတို့  ဆီမှာရှိတဲ့ တိုလီမုတ်စတွေကို ခင်းရောင်းနေပြီး သူတို့ နဲ့ သွားစကားပြောရတာ ကြိုက်လို့ ပါ။ Bugisမှာ မလေးကိုသွားတဲ့ ကားဂိတ်ရှိလို့ မလေးကနေတောင် လာရောင်းတဲ့လူတွေနဲ့ လဲ တွေ့ ဖူးပါတယ်။
ကိုင်း၊ သင်လဲ ဒီAppကလေးနဲ့  တမူထူးခြားတဲ့ နေရာကလေးတွေကို အရဲစွန့် ပြီး သွားကြည့်ကြရအောင်။

Shop Singapore - Shopping App SG No.7

Shop Singapore (အခမဲ့)
ထုတ်ဝေသူ : Acromobile Pte Ltd.ကုမ္ပဏီ : Acromobile Pte Ltd.  http://ရက်စွဲ (Ratings) : October 13, 2010 (5 Ratings)Version (Size) : 1.1.7 (3.6MB)



ဒီနေ့ မိတ်ဆက်ပေးမယ့် Appကတော့ ဘဏ်ကဒ်ရှိတဲ့  လူတွေအတွက်  Acromobile Companyကနေ အထူးထုတ်လုပ်ထားတဲ့ Appကလေးပဲ ဖြစ်ပါတယ်။


သင့်မှာ ဘယ်ဘဏ်က ကဒ်ရှိပါသလဲ။  DBS, POSB, UOB, OCBC, OUB, CapitalMall, Standard Chartered, etc..  သင့်မှာရှိတဲ့ ကဒ်ပေါ်မူတည်ပြီး အထူးအစီအစဉ်တွေရှိတဲ့ စားသောက်ဆိုင်၊ Shopping Mall၊ အင်္ကျီဆိုင် စသည်တို့ ကို ရှာလို့ ရပါတယ်။ 
နာမည်ကလဲ ရှာနိုင်သလို၊ နေရာ၊ အထူးအစီအစဉ်၊ ဈေးဆိုင်တွေကနေလဲ ပြောင်းပြန်ရှာလို့  ရပါတယ်။


ကိုင်း၊ ဒီနေ့  ဘာအထူးအစီအစဉ်ရှိလဲ ကြည့်ကြည့်လိုက်ကြ ရအောင်။