Saturday, October 30, 2010

Fleas&Fairs Singapore - Shopping App SG No.8

Fleas & Fairs Singapore (အခမဲ့)


ထုတ်ဝေသူ : Omnitoons Pte Ltd ကုမ္ပဏီ : Omnitoons Pte Ltd  http://www.omnitoons.com 
ရက်စွဲ (Ratings): October 14, 2009 (150 Ratings) Version (Size) : 1.0 (37.4MB)
ဒီAppကလေးကတော့ သူများနဲ့ မတူ တစ်မူထူးခြားတဲ့ Appကလေး ဖြစ်ပါတယ်။ ဈေးဝယ်တဲ့ Appဖြစ်ပေမယ့် သာမာန်ဈေးနဲ့ ပတ်သက်တဲ့ သတင်းများကိုပေးတဲ့ Appမဟုတ်ပါဘူး။ လမ်းခင်းဈေး၊ လမ်းဘေးဈေး စတဲ့ ထူးခြားတဲ့ဈေးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပေးတဲ့ Appကလေးပဲ ဖြစ်ပါတယ်။ 
နေရာတိုင်း၊ Shopping Mallထဲမှာ တူညီတဲ့ဖွဲ့စည်းမှုနဲ့ ပုံစံတူပစည်းတွေကို လိုက်ကြည့်ရတာ၊ Windowရှော့ပင်လုပ်ရတာ နဲနဲငြီးငွေ့ လာတဲ့လူများ၊ တိုလီမုတ်စ ရှာဖွေတာ ၀ါသနာပါတဲ့လူများ၊ လူတွေနဲ့ ထိတွေချင်တဲ့လူများ၊ အိမ်မှာရှိတဲ့ မသုံးဖြစ်တဲ့ ပစည်းတွေကို ရောင်းချင်တဲ့ လူများအတွက် ဒီAppကလေးကို စမ်းကြည့်လိုက်ပါ။
ဒီAppကလေးမှာ ပေးထားတဲ့ သတင်းတွေကတော့ လစဉ်ကျင်းပတဲ့ဈေးသတင်း ပါရှိပါတယ်။ ပြီးတော့ Editorအကြိုက်ဆုံးနေရာရဲ့  သတင်းလေးလဲပါပါတယ်။ ဒါ့အပြင် နေရာကနေ တစ်ဆင့်လဲ ရှာနိုင်ပါတယ်။
Bugisမှာရှိတဲ့ လမ်းခင်းဈေးကတော့ စာရေးသူလဲ အသိနဲ့  လိုက်ပြီးသွားဖူးလို့ ကြိုက်ပါတယ်။ ဘာရယ်လို့ မဟုတ်ပါဘူး။ အဘိုးကြီး၊ အဘွားကြီးတွေက သူတို့  ဆီမှာရှိတဲ့ တိုလီမုတ်စတွေကို ခင်းရောင်းနေပြီး သူတို့ နဲ့ သွားစကားပြောရတာ ကြိုက်လို့ ပါ။ Bugisမှာ မလေးကိုသွားတဲ့ ကားဂိတ်ရှိလို့ မလေးကနေတောင် လာရောင်းတဲ့လူတွေနဲ့ လဲ တွေ့ ဖူးပါတယ်။
ကိုင်း၊ သင်လဲ ဒီAppကလေးနဲ့  တမူထူးခြားတဲ့ နေရာကလေးတွေကို အရဲစွန့် ပြီး သွားကြည့်ကြရအောင်။

No comments: