Friday, November 19, 2010

iBrowser MM - Brower App (Myanmar)

 iBrowser MM (အခမဲ့)
ထုတ်ဝေသူ : Alfred Thet /  ကုမ္ပဏီ :   http://    / ရက်စွဲ (Ratings) : September 17, 2010 (17+) / Version (Size) : 1.1.1  (296KB)
မြန်မာစာရဲ့  ယူနီကုဒ်ပြသနာက မောဘိုင်းလ်ဖုန်းအထိ ပါလာပါတယ်။ မြန်မာစာနဲ့ ရိုက်ထားတဲ့ အီးမေးလ်တို့ ၊ မြန်မာဝက်ဘ်ဆိုဒ်တို့ ကို မြန်မာလို ကြည့်လို့မရတာတို့ ၊ မြန်မာလို SMSပို့ လို့ မရတာတို့ ၊ မြန်မာလို ချက်တင်လုပ်လို့ မရတာတဲ့ ဒုတ်ခပါပဲ။ဒီကြားထဲ ဇော်ဂျီ၊ မြန်မာယူနီကုဒ်ဖောင့်၊ စသည့်ကိတ်စပါ ပါလာတော့ ပိုရှုပ်ကုန်ကော။


လူတွေက Jail Breakဖက်ကို ပြေးကြပါတယ်။ Jail Break မလုပ်ချင်တဲ့ လူတွေကတော့ ထိုင်စောင့်ကြပါတယ်။ 


အဲ၊ အားလုံးတော့ မဟုတ်ပေမယ့် အပေါ်က ဒုတ်ခတစ်ချို့ ကို ကယ်တင်ပေးမယ့် အိုင်ဘလော်ဇာ App ကလေးပေါ်လာပါတော့တယ်။ ကိုAlfred က ကယ်တင်ပေးလိုက်တဲ့ ဒုတ်ခတွေကတော့ Gmail ကို မြန်မာလို ကြည့်နိုင်ခြင်း၊ Facebookလဲ ကြည့်နိုင်ခြင်း၊ Gtalkမှာလဲ ၀င်တောက်ခ်နိုင်ခြင်း၊ မြန်မာဝီကီကြည့်နိုင်ခြင်း အပြင် မိမိကြည့်လိုတဲ့ ၀က်ဘ်ဆိုဒ်ကိုပါ ကြည့်ရှုနိုင်ရန်လုပ်ဆောင်ပေးထားပါတယ်။


ဒါ့အပြင် လူတိုင်းအခမဲ့သုံးဆွဲနိုင်ကြောင်းပါ သတင်းကောင်းလေးပါရှိပါတယ်။