Wednesday, November 24, 2010

Photo Uploading Problem - Nov 24, 2010 3PM

ဘယ်လိုပဲလုပ်လုပ်၊  ကိုယ့် Desktop ထဲက ဓတ်ပုံကိုယ်ပိုင်ကို Blog ထဲကို Upload လုပ်လို့ မရ ဖြစ်နေတယ်။
 Server Reject, You don't have authorization for this photo ဆိုပြီး Message ထွက်လာတယ်။ 
မှားပါတယ်။ ကိုယ့် ကွန်ပျူတာ၊ ကိုယ့် Desktop၊ ကိုယ်ရိုက်ထားတဲ့ ကိုယ့်ဓတ်ပုံကို ကိုယ့်ဘာသာကိုယ် ကိုယ့် Blog ကိုတင်တာ ဘာဖြစ်လို့  Authorize က မရှိရတာပါလိမ့်။


စဉ်းစားလို့ ကိုမရဘူး။ Blog ထဲက Help ကိုဝင်ဖတ်ကြည့်တော့လဲ တစ်ခုမှ အသုံးမ၀င်ဘူး။
ဘယ်ကများ Hack ထားတာပါလိမ့်။

KFC









Santa Claus နဲ့ တူတဲ့ KFCဖိုးဖိုးကြီးအကြောင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။
၁၈၉ ၀၊၉ ၊၉  - အမေရိကန်နိုင်ငံ Indiana State, Henryville မြို့ မှာ Harland Sanders ကိုမွေးဖွားခဲ့ပါတယ်။
၁၉ ၀၀-၁၉ ၂၄
Harland Sanders က ငယ်စဉ်မှာ Farm Hand, Streetcar Conductor, Army Conductor, Army Private in Cuba, Blacksmith's Helper, Rail  Yard Fireman, Insurance Salesman, Tire Salesman, Service Operator for Standard Oil စသည့်  အလုပ်ပေါင်းမျိုးစုံကို လုပ်ကိုင်ခဲ့ပါတယ်။
၁၉ ၃၀ - နိုင်ငံစီးပွားရေးမကောင်းချိန်မှာ Harland Sanders က Kentucky State, Corbin မြို့ ရှိ Gas Stationရဲ့  အရှေ့ အခန်းငယ်ကလေးမှာ သူ့ ရဲ့ ပထမဆုံး စားသောက်ဆိုင်ဖြစ်တဲ့ "Sanders Court & Cafe" ကို ဖွင့်ခဲ့ပါတယ်။
၁၉ ၃၆ -  Kentucky မြို့ တော်ဝန် Ruby Laffoon က Harland Sanders ကို မြို့ ရဲ့  ဂုဏ်ထူးဆောင် cuisineအတွက် Honorary Kentucky Colonel ဘွဲ့ ကို အပ်နှင်းခဲ့ပါတယ်။
၁၉ ၃၆ - "Sanders Court & Cafe" ဆိုင်ကို Motelနှင့်တွဲကာ ဆိုင်ကို ၁၄၂ခုံအထိ ချဲ့ ခဲ့ပါတယ်။
၁၉ ၃၉  - Ducan Hines ရဲ့  "Adventures in Good Eating" စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ကံဆိုးစွာနဲ့  စားသောက်ဆိုင်ကို မီးလောင်ခဲ့လို့  အစအဆုံးပြန်ဖွင့်ခဲ့ပါတယ်။ Pressure Cooker သုံးစွဲခြင်းလဲ စခဲ့ပါတယ်။ အဲဒီနောက်မှာပဲ Colonel Sanders က သူ့ ရဲ့ စားသုံးသူတွေကို လတ်ဆတ်တဲ့ ကြက်ကြော်ကို စပြီးကြော်ပြီးမှ Serve လုပ်ပါတော့တယ်။
၁၉ ၄၀ - ဒီနှစ်မှာ Kentucky Fried Chicken ရဲ့  Original Receipe မွေးဖွားခဲ့ပါတယ်။
၁၉ ၄၉  - Sanders က Claudia Priceနဲ့  လက်ထပ်ခဲ့ပါတယ်။
၁၉ ၅၂ - Colonelက ဒီနှစ်ကစပြီး မြို့ တွေကို ခရီးသွားကာ သူ့ ရဲ့ Franchising စနစ်ကို ဖြန့် ခဲ့ပါတယ်။ Salt Lake City မှာရှိတဲ့ သူ့ ရဲ့  Franchise Owner Mr.Pete Harman ကို ဆုပေးခဲ့ပါတယ်။
၁၉ ၅၅ - Kentucky State, Corbin မှာ Interstate Highway ဆောက်လို့  သူ့ ရဲ့ Service Station ကိုရောင်းကာ ပထမဆုံး Social Security Check US$150 ရခဲ့ပါတယ်။  ဒါပေမယ့် အကြွေးတွေကို ဆပ်ပြီးတဲ့အချိန်မှာတော့ Broke (virtully) ဖြစ်လို့  သူ့ ရဲ့ secret receipe တွေကို စားသောက်ဆိုင်တွေကို သွားပြီး လှည့်လယ်ကာ ရောင်းချခဲ့ပါတယ်။
၁၉ ၅၇ - Buckets မှာ Kentucky Fried Chicken ကိုစတင်ရောင်းချခဲ့ပါတယ်။
၁၉ ၆၀ - Colonel's ရဲ့  ကြိုးစားမှုကြောင့် KFC Franchisees ၁၉ ၀ ရှိပြီး Franchise Units ၄၀၀ အမေရိကန်နဲ့ ကန်နေဒါမှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
KFC Singapore - http://www.kfc.com.sg/
ဖုန်းဆက်ပြီး မှာနိုင်ရုံသာမက online ကနေနဲ့  order လုပ်နိုင်ပါတယ်။
ကလေးတွေအတွက်ကတော့ Chickey Meal ၀ယ်ရင် အရုပ်ကလေးတွေပါလက်ဆောင်ရပါတယ်။
စင်ကာပူမှာ နာမည်ကြီးတဲ့ Egg Tart ကို အခု KFCမှာလဲ ၀ယ်လို့ ရနေပါပြီ။ 

အာရှမှာတော့ တရုတ်၊ ဟောင်ကောင်၊ အိနိယ၊ အင်ဒိုနေးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ်စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တိုင်ဝမ်၊ ယိုးဒယား၊ တာကီနဲ့ ဗီယက်နမ် တို့ မှာဖွင့်ထားပါတယ်။

တော်လှန်ရေး (ပြင်သစ်) - 2

ベルサイユの薔薇 ရဲ့  ဇတ်ကောင် ဖွဲ့ စည်းမှုကတော့ မင်းသား၊ မင်းသမီး၊ လုအိ(၁၆)၊ မယ်ရီ အန်းတော့ဝဒ်၊ တော်လှန်ရေးခေါင်းဆောင်များ၊ ဘုရင့်မိသားစုဝင်များ ဖြစ်ပါတယ်။
 ဒီပြင်သစ်တော်လှန်ရေးရဲ့  ပြသနာကို အားလုံးက အစကတော့ မယ်ရီ အန်းတော့ဝဒ် ဘုရင်မကို အပြစ်ပုံချကြပါတယ်။ နောက်ပိုင်းမှာတော့ ဘုရင်မရဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီး သုသေတနပြုကြတော့ အတင်းစကားကနေပြီး အတည်ဖြစ်သွားတဲ့ သဘောဖြစ်သွားပါတယ်။ အခုခောတ်စကားအရဆိုရင် PR (Public Relation) ၀န်ထမ်းမရှိရင် ဒီလိုဖြစ်သွားနိုင်တယ်လို့ ပြောရမလို ဖြစ်နေပြီ။ နိုင်ငံတိုင်းမှာ ဒီလိုပြသနာတွေ ရှိပါတယ်။ PR မနိုင်ရင်တော့ မြန်မာပြည်လိုမျိုး ဖြစ်မယ်ထင်တာပဲ။ 
ပြီးတော့ သင့်ပတ်ဝန်းကျင်မှာ သင့်ရဲ့ အတွင်းလူက သင့်ကွယ်ရာမှာ သင့်အတင်းတွေ လိုက်ချနေပြီဆိုရင်တော့ သတိသာ ထားပေတော့။ မယ်ရီ အန်းတော့ဝဒ်လို ဘ၀ကို မရှုမလှ ဇတ်သိမ်းရဖို့ များပါတယ်။





















နောက်ဆုံးတော့ ဘုရင်မက ပြင်သစ်နန်းတွင်းထဲက သူ့ ယောက်ကထီးရဲ့  နောက်မိန်းမနဲ့ သူ့ ယောင်းမတွေ အားပြိုင်တဲ့အရှုပ်တော်ပုံထဲက ကျားကွက်တစ်ခုဖြစ်သွားပြီး၊ သူ့ ယောက်ကျားညံ့ဖြင်းမှုလဲပါသလို၊ သူရဲ့ လိုအပ်မှု၊ လောကကြီးရဲ့  ညစ်ပတ်မှု အားလုံးစုသွားပြီး အခုလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူက အော်စတီရားကနေပြီး ပြင်သစ်ကို တစ်ယောက်ထဲလာရတာလဲ သနားပါတယ်။ ကံမကောင်းတဲ့ ဘုရင်မထဲက တစ်ယောက်ပါပဲ။


ဘုရင်မရဲ့  နာမည်ကြီး စကားတစ်ခွန်းကတော့ 
"ပေါင်မုန့် မရှိရင် မုန့် စားပါလား" ပဲဖြစ်ပါတယ်။
ပြင်သစ်လိုကတော့ “Qu'ils mangent de la brioche”.

အချိန်ရရင် ဘုရင်မအကြောင်းကို အသေးစိတ်ရေးလိုပါတယ်။
ဆက်ရန်...