Saturday, October 30, 2010

CLEO goes shopping at Bugis Junction - Shopping App SG No.9

CLEO goes shopping at Bugis Junction (အခမဲ့)
ထုတ်ဝေသူ : Codigo Pte Ltd. ကုမ္ပဏီ : Codigo Pte Ltd. http://www.codigoconnect .com ရက်စွဲ (Rating) : August 12, 2010 (14 Ratings) Version (Size) : 1.1 (169KB)

စင်ကာပူမှာ Bugisကို မသိတဲ့လူရှားသလို မကြိုက်တဲ့လူလဲ ရှားပါတယ်။ Bugis Junction၊ Bugis Village၊ ကွမ်ရင်မယ်တော်ကျောင်း၊ Simlim Square၊ Bugis MRTအပေါ်တည့်တည့်က BHG Shopping Mall၊ Bugis Juctionအနောက်ဘက်က ညဘက်မှ စီကားတဲ့ BBQ & HotPotဈေးတန်းကလေးများ၊ နိုင်ငံခြားသားများအကြိုက် ဘီယာဆိုင်များ၊ နာမည်ကြီးဟိုတယ်၊ စားသောက်ဆိုင်ပေါင်းများစွာ၊ ဗဟိုစာကြည့်တိုက် စသ့ည်နေရာပေါင်းများစွာ Bugis MRTတ၀ိုက်မှာ ရှိပါတယ်။

 ဒီ Appကတော့ Bugis Junctionမှာ ဈေးဝယ်မည့်လူတွေအတွက် Codigo Companyကနေ အထူးထုတ်လုပ်ထားတဲ့ Appဖြစ်ပါတယ်။ ဒီနေ့ Bugis Junctionမှာ ဘာအထူးအစဉ်တွေရှိလဲ၊ ဘာတွေဈေးချသလဲ ဆိုတာ ဒီAppကလေးကို တချက်ကလေး ဖွင့်ကြည့်လိုက်ရုံနဲ့ ရပါတယ်။ အထူးအစီအစဉ်ရှိတဲ့ ဆိုင်ရဲ့ ကြေငြာက ဓတ်ပုံအနေနဲ့ ပြထားတာမှတ်လို့ သင်စိတ်ဝင်စားတဲ့ပုံကို နှိပ်ကြည့်လိုက်ရုံပါပဲ။

 ဒါ့အပြင် သင်ဟာ CapitaCardကို ကိုင်ဆောင်ထားတဲ့လူ ဖြစ်တယ်ဆိုရင် ဒီBugis Junctionမှာ ထပ်ပြီးအထူးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။ ကိုင်း၊ ဘာတွေဈေးချသလဲ ဖွင့်ကြည့် လိုက်ရအောင်။

CapitaCardအကြောင်း 
Capital Land Companyကနေပြီး VISAနဲ့ ပူပေါင်းပြီးထုတ်ထားတဲ့ ကဒ်တွေဖြစ်ပါတယ်။ ဒီကဒ်နဲ့ ဈေးဝယ်မယ်ဆိုရင် သင်ဟာ(၂၀)% Cash Rebateရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကဒ်က Capital Land Companyက ဆောက်လုပ်ထားတဲ့ Shopping Mallတွေမှာသာ ရမှာပါ။ အောက်ပါMallတွေမှာ ဒီCapitaCardနဲ့ သင်ဈေးဝယ်နိုင်ပါတယ်။
 1. Bugis Junction
 2. Bukit Panjang Plaza
 3. Clarke Quay
 4. Funan DigiLife Mall
 5. IMM 6. Junction 8
 7. Lot One
 8. Plaza Singapura
 9. Raffles City Shopping Centre
 10. Riverale Mall
 11. Sembawang Shopping Centre
 12. Tampines Mall 

No comments: