Saturday, November 13, 2010

Allan & Barbara Pease

Australia က Allan & Barbara Pease ကို လင်မယား စိတ်ပိုင်းဆိုင်ရာ စဉ်းစားပုံ မတူညီတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး မသိတဲ့လူ နည်းမယ်လို့ ထင်ပါတယ်။
ဘာမှ အဲဒီလောက်တွေးဖို့ မလိုပါဘူး လို့ စဉ်းစားတဲ့လူများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ စာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ စောစောမဖတ်လိုက်ရလို့  この本、どこに隠れてたの? လို့  အားမရဖြစ်မိပါတယ်။ သူတို့ ရဲ့ စာအုပ်ကိုတော့ ဂျပန်ဘာသာပြန်ထားတဲ့ စာအုပ်ကနေ ဖတ်ဖြစ်ပါတယ်။ ဂျပန်လို ဖတ်ဖြစ်တာကလဲ ကံကောင်းမယ်ထင်ပါတယ်။ သူတို့ က အာရှနဲ့ ကိုက်ညီစီလျှော်အောင် ပြန်ထားလို့ Original ထက် ခေါင်းထဲဝင်တာ ပိုမြန်ပါတယ်။ သူတို့ ၀က်ဘ်ဆိုဒ်မှာ Freebie " What are you like in bed?" လဲပေးထားပါတယ်။ 


ကျွန်မဖတ်ဖြစ်တဲ့ စာအုပ်ကတော့ 
"Why Men Don't Listen & Women Can't Read Maps" 
















ကြိုက်မယ်လို့ ရဲရဲကြီးအာမခံပါတယ်။

Cath Kidson

အင်္ဂလန်က ပန်းတွေကို motif လုပ်ထားတဲ့ ဒီဇိုင်းတွေကို ပန်းကြိုက်တဲ့ မိန်းခလေးများ တွေ့ ရင် ခရေးဇီးဖြစ်မယ်ထင်ပါတယ်။


သူက အိတ်၊ အိမ်အသုံးအဆောင်ပစွည်း အကုန်လှလွန်းလို့ တွေ့ ရင် စိတ်ထိမ်းနေရပါတယ်။
ဈေးကတော့ သူတို့ ဆီမှာက ပုံမှန်လောက်ပဲ ဖြစ်ပေမယ့် ပေါင်ဆိုတော့ တော်တော်ကြီးပါသေးတယ်။


ဟိုတစ်လောက ဈေးတိုင်းမှာ ပုံစံတူ ဒီဇိုင်းပေါင်းမြောက်များစွာနဲ့ အိတ်မျိုးစုံတွေ့ လို့  ညတောင်မအိပ်နိုင်လိုက်ပါဘူး။


ဒါနဲ့ CKက Authorized Seller မတွေ့ တာနဲ့ အွန်လိုင်းကနေပဲ တိုက်ရိုက်ဝယ်မယ်ကြံနေတုန်း Blogspot တစ်ခုမှာ ကံကောင်းစွာ သွားတွေ့ ရလို့ ထီပေါက်သလိုပါပဲ။ 


သူတို့ ရဲ့ Signature Design ကတော့ အနီရောင်အိတ်ရဲရဲနဲ့ နှင်းဆီပန်းတွေချဲထားတဲ့ ဒီဇိုင်းပဲလို့ ထင်ပါတယ်။ အဲဒီ ၀က်ဘ်ဆိုဒ်အထဲက Comment ရေးထားတဲ့ လူလိုပဲ  "I just love it!!"