Monday, November 15, 2010

တန်ဆောင်တိုင်

လပြည့်က (၂၁)ပေမယ့် မနေ့က ကျောင်းကြီးမှာ တန်ဆောင်တိုင်လုပ်လို့ သွားလိုက်ပါသေးတယ်။
ညဈေးမဟုတ်ပေမယ့် နေ့ဈေးအနေနဲ့ စားသောက်ဆိုင်တန်းလေးပါလုပ်ထားပါတယ်။ မုန်းလက်ဆောင်း၊ ဖာလူဒါ၊ ကြာဇံကြော်နဲ့ ၀က်ခေါင်းသုတ်(ငရုတ်ဆီဆမ်း)၊ လက်သုတ်ဆုံ၊ တိုဖူးအ၀ါသုတ်၊ ကြာဇံဟင်းခါး စသည်တို့ကို ၂ကျပ်~၃ကျပ်နဲ့ ရောင်းပါတယ်။ လက်မှတ်မှာ ကံစမ်းမဲလဲ ပါပါတယ်။ အားလုံးဘုရားရှစ်ခိုး၊ တရားနာ၊ အလှုလုပ်၊ ပုရိတ်ကြိုးပတ်၊ အစားစား၊ ဘုန်းကြီးကျောင်းက သောက်ရေဘူးအလှုကို ယူပြီးပြန်ကြပါလေကော။