Tuesday, November 02, 2010

inSing.com NightOut - Shopping App SG No.12


inSing.com NightOut (အခမဲ့) 




ထုတ်ဝေသူ : Singtel Digital Media Pte Ltd.
ကုမ္ပဏီ : Singtel Digital Media Pte Lttd.  http://
ရက်စွဲ (Ratings) : August 11, 2010 (96 Ratings)

ဒီနေ့ မိတ်ဆက်ပေးမယ့် Appကတော့ Singtel Digital Media ကနေ ထုတ်လုပ်ထားတဲ့ inSing.comရဲ့ အမွှာApp ဖြစ်တဲ့ inSing.com NightOut Appကလေးပဲ ဖြစ်ပါတယ်။


ညဘက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ App ဖြစ်တဲ့အတွက် သူ့ Appကလေးကိုလဲ အမဲရောင်လေးနဲ့  ဒီဇိုင်းကို ကိုက်ညီစွာ ပြုလုပ်ထားပါတယ်။


ဒီAppမှာ ပါရှိတဲ့ Functionတွေကတော့ Nearby & Check-In, Most Liked, Hot Deals, Featured Precinct စသည်တို့ ပါရှိပါတယ်။ 


သင်ဘယ်ကို သွားရမှန်းမသိဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ IPhoneရဲ့  GPS Location Recognization စနစ်နဲ့ သင်အနီးနားမှာရှိတဲ့ ဆိုင်တွေကို IPhone ကနေ အလိုလိုရှာပေးပါလိမ့်မယ်။ 


ဘယ်ဆိုင်မှာ အထူးအစီအစဉ်ရှိလဲ သိချင်ပါသလား။  Hot Deals ကလေးကိုသာ နှိပ်လိုက်ပါ။ သင့် ပတ်ဝန်းကျင်မှာရှိတဲ့ အထူးအစီအစဉ်လုပ်တဲ့ နေရာတွေကို ရှာပေးပါလိမ့်မယ်။


တစ်ယောက်ထဲဖြစ်လို့ အဖော်လိုချင်ပါသလား။ ဒီAppကို ကိုင်ထားတဲ့ လူတွေနဲ့  Buddyဖွဲ့ လို့ ရပါတယ်။ သူတို့ နဲ့ မိတ်ဖွဲ့ ပြီး အတူတူသွားလည်ကြတာပေါ့။


ပြီးတော့ ကိုယ်သွားခဲ့တဲ့ဆိုင်၊ ကိုယ်ကြိုက်တဲ့ဆိုင်တွေကို နောက်တစ်ခါသွားလို့ ရအောင်ပါ မှတ်ထားလို့ ရပါတယ်။ 


ကိုင်း၊ ဘာမှ စဉ်းစားမနေပါနဲ့ ။ ဒီAppကလေးကို သွင်းပြီး ညလည်သွားကြရအောင်။