Saturday, November 13, 2010

Cath Kidson

အင်္ဂလန်က ပန်းတွေကို motif လုပ်ထားတဲ့ ဒီဇိုင်းတွေကို ပန်းကြိုက်တဲ့ မိန်းခလေးများ တွေ့ ရင် ခရေးဇီးဖြစ်မယ်ထင်ပါတယ်။


သူက အိတ်၊ အိမ်အသုံးအဆောင်ပစွည်း အကုန်လှလွန်းလို့ တွေ့ ရင် စိတ်ထိမ်းနေရပါတယ်။
ဈေးကတော့ သူတို့ ဆီမှာက ပုံမှန်လောက်ပဲ ဖြစ်ပေမယ့် ပေါင်ဆိုတော့ တော်တော်ကြီးပါသေးတယ်။


ဟိုတစ်လောက ဈေးတိုင်းမှာ ပုံစံတူ ဒီဇိုင်းပေါင်းမြောက်များစွာနဲ့ အိတ်မျိုးစုံတွေ့ လို့  ညတောင်မအိပ်နိုင်လိုက်ပါဘူး။


ဒါနဲ့ CKက Authorized Seller မတွေ့ တာနဲ့ အွန်လိုင်းကနေပဲ တိုက်ရိုက်ဝယ်မယ်ကြံနေတုန်း Blogspot တစ်ခုမှာ ကံကောင်းစွာ သွားတွေ့ ရလို့ ထီပေါက်သလိုပါပဲ။ 


သူတို့ ရဲ့ Signature Design ကတော့ အနီရောင်အိတ်ရဲရဲနဲ့ နှင်းဆီပန်းတွေချဲထားတဲ့ ဒီဇိုင်းပဲလို့ ထင်ပါတယ်။ အဲဒီ ၀က်ဘ်ဆိုဒ်အထဲက Comment ရေးထားတဲ့ လူလိုပဲ  "I just love it!!" 

No comments: