Thursday, December 02, 2010

Flying Books Library => Anybody interested?

အောက်က အတိုင်း စာကြည့်တိုက်ကို လုပ်ချင်ပါတယ်။
အိုင်ဒီယာက ဒီလိုပါ။ 














လူတိုင်းကိုယ်ရှိတဲ့ စာအုပ်ကို စာကြည့်တိုက်မှာ ထားထားလို့ ရပါတယ်။ လှုလဲရပါတယ်။
စာအုပ်List ကို Blog ထဲမှာပဲထားပြီး ငှားချင်တဲ့လူတဲ့ ငှားမယ့်လူက တိုက်ရိုက်အပေးအယူ လုပ်ကြပါ။
စာအုပ်ကိုတော့ နေရာတစ်ခု သတ်မှတ်ပြီး ငှားချင်တဲ့လူနဲက ငှားမယ့်လူက အဆင်ပြေမယ့် နေရာမှာသွားထားပါ။ ပြန်အပ်ချင်လဲ အဲဒီလိုပါပဲ။ Fixed Place ကိုတော့ စာကြည့်တိုက်မှာ ထားထားလဲ ရပါတယ်။


ဥပမာ အောင်အောင်က အလုပ်နဲ့ ပတ်သက်တဲ့  ကွန်ပျူတာ သုံးပုံသုံးနည်း စာအုပ်ကို လိုချင်တယ် ဆိုပါတော့။အဲဒီစာအုပ်ကို သူက စာကြည့်တိုက်ရဲ့  ၀က်ဘ်ဆိုဒ်ထဲမှာ ရှာပါမယ်။ အဲဒီအထဲမှာ သူလိုချင်တဲ့ စာအုပ်ရှိတဲ့လူက (၃) ယောက်ရှိတယ်။ အဲဒီအထဲက တစ်ယောက်ဆီက ငှားလို့ ရပါတယ်။ နီလာအိမ်က အောင်အောင်နဲ့ နီးရင် ချိန်းပြီး ငှားမလား၊ စာကြည့်တိုက်ရှိတဲ့ နေရာမှာ စာအုပ်သွားထားမလား လုပ်လို့ ရပါတယ်။ အဲဒါကို အောင်အောင်က သွားယူရုံပါပဲ။ ဒါက Hard Copy Case ပါ။ 
Soft Copy ရှိတယ်ဆိုရင်တော့ အချင်းချင်း အီးမေးလ် (သို့ ) ဒေတာပေးရုံပါပဲ။


ကောင်းချက်။
ဝယ်ထားတဲ့ စာအုပ်ကို စာကြည့်တိုက်က အလယ်ကနေပြီး စီစဉ်ပေးတာပါပဲ။


ကိုယ် မြန်မာပြည်ပြန်တာတို့  ၊ တစ်ခြားနိုင်ငံသွားတဲ့အချိန်တို့၊ အသိကို လက်ဆောင်ပေးချင်ရင် စာကြည့်တိုက် စာရင်းထဲကနေ ပြန်နှုတ်လို့ ရပါတယ်။ ပိုက်ဆံလိုလို့ ရောင်းစားချင်ရင်လဲ ပြန်စာကြည့်တိုက် စာအုပ်စာရင်းထဲက နှုတ်ရုံပါပဲ။ 


စာအုပ်ကို မူရင်းပိုင်ရှင်ကပဲ ပိုင်ပါတယ်။ စာကြည့်တိုက်ကို လှုချင်ရင်လဲ ရပါတယ်။


ဒီအစီအစဉ်အတွက် အောက်ပါလူတွေလိုပါတယ်။
ဒီအစီအစဉ်အတွက် လူရှာပေးနိုင်မယ့်လူ
Organize လုပ်ပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ်ရေးပေးမယ့်လူ
Data Entry လုပ်ပေးနိုင်မယ့်လူ
Graphic ဆွဲ ပေးနိုင်မယ့်လူ
ကာတွန်းဆွဲပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ် Administrator
စာအုပ်ထားမယ့်နေရာကို offer လုပ်ပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ်ရဲ့  User Help Desk လုပ်ပေးနိုင်မယ့်လူ
စသည်ဖြင့်...


Any comments? 



No comments: