Tuesday, November 23, 2010

တော်လှန်ရေး (ပြင်သစ်)

တော်လှန်ရေးလို့  ရေးလိုက်လို့  တမျိုးမထင်ကြပါနဲ့ ။ 
ဘယ်ဘက်မမှ မဟုတ်သလို ဘာမှမသိတဲ့ သာမာန်လူတစ်ယောက်ပါ။
ကျောင်းတုန်းက World History မှာ တော်လှန်ရေးများစွာ သင်ရတဲ့ အထဲမှာ ပြင်သစ်တော်လှန်ရေးက ခေါင်းထဲမှာ စွဲနေပါတယ်။ ပြင်သစ်တော်လှန်ရေးက ခေါင်းထဲစွဲရတဲ့ အကြောင်းက ကျောင်းစာတစ်ခုထဲကြောင့် မဟုတ်ပါဘူး။ အပြင်က influenceက များပါတယ်။ အထူးသဖြင့် အခုထက်ထိ ခောတ်စားနေတဲ့ ကာတွန်းベルサイユの薔薇ပါ။













ဒီကာတွန်းက 少女コミックဖြစ်လို့  ကောင်မလေးတွေ အဖတ်များကြပါတယ်။ ပြင်သစ်ဘုရင် လုအိ(၁၆) (Louis XVI de France) မှာ ဖြစ်ပေါ်မယ့်   ပြင်သစ်တော်လှန်ရေးအကြောင်းကို   မြှီးကောင်ပေါက်အကြိုက် အချစ်ဇတ်လမ်းအနေနဲ့  ရေးဖွဲ့ ထားတာပါ။ 




































ပိုပြီး စိတ်ဝင်စားစရာကောင်းတာ ကတော့ မင်းသမီးကို သူ့ ရဲ့ အဖေက ယောက်ကျားလေးတစ်ယောက်လို ပြုစုပျိုးထောင်လာပြီး မင်းသားနဲ့ တွေ့ တာတို့ ဘာတို့ ပါပဲ။ မိန်းခလေးဖြစ်ပေမယ့် ဖခင်ကြောင့် အင်မတန်တော်သလို နန်းတွင်းမှာလဲ နေရာရလာ၊ မင်းသားနဲ့ တွေ့ ၊ ဘုရင်မရဲ့  သက်တော်စောင့်ဖြစ် ဆိုပြီး ဇတ်လမ်းက ဖတ်လို့ ကောင်းပါတယ်။


ဒီဇတ်ကို ဂျပန်မှာ အမျိုးသမီးတွေကြီးပဲ ကတဲ့ဇတ်အဖွဲ့ တစ်ခုက ကတော့ အဲဒီခောတ်မှာ အမြဲတမ်း ရုံအပြည့်လို့  ပြောပါတယ်။ 
 http://ja.wikipedia.org/wiki/%E5%AE%9D%E5%A1%9A%E6%AD%8C%E5%8A%87%E5%9B%A3

No comments: