Australia က Allan & Barbara Pease ကို လင်မယား စိတ်ပိုင်းဆိုင်ရာ စဉ်းစားပုံ မတူညီတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး မသိတဲ့လူ နည်းမယ်လို့ ထင်ပါတယ်။
ဘာမှ အဲဒီလောက်တွေးဖို့ မလိုပါဘူး လို့ စဉ်းစားတဲ့လူများမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ စာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ စောစောမဖတ်လိုက်ရလို့ この本、どこに隠れてたの? လို့ အားမရဖြစ်မိပါတယ်။ သူတို့ ရဲ့ စာအုပ်ကိုတော့ ဂျပန်ဘာသာပြန်ထားတဲ့ စာအုပ်ကနေ ဖတ်ဖြစ်ပါတယ်။ ဂျပန်လို ဖတ်ဖြစ်တာကလဲ ကံကောင်းမယ်ထင်ပါတယ်။ သူတို့ က အာရှနဲ့ ကိုက်ညီစီလျှော်အောင် ပြန်ထားလို့ Original ထက် ခေါင်းထဲဝင်တာ ပိုမြန်ပါတယ်။ သူတို့ ၀က်ဘ်ဆိုဒ်မှာ Freebie " What are you like in bed?" လဲပေးထားပါတယ်။
ကျွန်မဖတ်ဖြစ်တဲ့ စာအုပ်ကတော့
"Why Men Don't Listen & Women Can't Read Maps"
ကြိုက်မယ်လို့ ရဲရဲကြီးအာမခံပါတယ်။
Lazy and wonderful Life with no bias on value of concept and etc..
Saturday, November 13, 2010
Cath Kidson
အင်္ဂလန်က ပန်းတွေကို motif လုပ်ထားတဲ့ ဒီဇိုင်းတွေကို ပန်းကြိုက်တဲ့ မိန်းခလေးများ တွေ့ ရင် ခရေးဇီးဖြစ်မယ်ထင်ပါတယ်။
သူက အိတ်၊ အိမ်အသုံးအဆောင်ပစွည်း အကုန်လှလွန်းလို့ တွေ့ ရင် စိတ်ထိမ်းနေရပါတယ်။
ဈေးကတော့ သူတို့ ဆီမှာက ပုံမှန်လောက်ပဲ ဖြစ်ပေမယ့် ပေါင်ဆိုတော့ တော်တော်ကြီးပါသေးတယ်။
ဟိုတစ်လောက ဈေးတိုင်းမှာ ပုံစံတူ ဒီဇိုင်းပေါင်းမြောက်များစွာနဲ့ အိတ်မျိုးစုံတွေ့ လို့ ညတောင်မအိပ်နိုင်လိုက်ပါဘူး။
ဒါနဲ့ CKက Authorized Seller မတွေ့ တာနဲ့ အွန်လိုင်းကနေပဲ တိုက်ရိုက်ဝယ်မယ်ကြံနေတုန်း Blogspot တစ်ခုမှာ ကံကောင်းစွာ သွားတွေ့ ရလို့ ထီပေါက်သလိုပါပဲ။
သူတို့ ရဲ့ Signature Design ကတော့ အနီရောင်အိတ်ရဲရဲနဲ့ နှင်းဆီပန်းတွေချဲထားတဲ့ ဒီဇိုင်းပဲလို့ ထင်ပါတယ်။ အဲဒီ ၀က်ဘ်ဆိုဒ်အထဲက Comment ရေးထားတဲ့ လူလိုပဲ "I just love it!!"

Friday, November 12, 2010
Enjoying with Kids
မနေ့က သမီးကျောင်းက Anniversaryဖြစ်လို့ ကျောင်းစောစော ပြန်လာကြပါတယ်။
သမီးက Geronimo Stilton Seriesကို Crazyဖြစ်နေလို့ စာအုပ်လိုချင်တယ်ဆိုတာနဲ့ စာအုပ်ဆိုင်သွားပြီး အပြန်မှာ သူတို့တွေကို ဂိမ်းဆိုင်လိုက်ပို့ ဖြစ်ပါတယ်။
သူတို့ (၈)နှစ်၊ (၉)နှစ်ကြားတွေ အခုအရူးအမူးဖြစ်နေတာက ကိုယ့်ဘာသာကိုယ် ကဒ်ဝယ်ကာ စုထားပြီး ဂိမ်းဆိုင်ရောက်မှ ကဒ်(၃)ခုကို ပေါင်းပြီး ဆော့ရတဲ့ ဂိမ်းကလေးပါ။ လက်ရှိဆော့လို့ ရတာ စင်ကာပူပါပါမှ (၃)နိုင်ငံပဲ ရှိပါသေးတယ်။
နိုင်တဲ့လူအတွက်က ကဒ်(၁)ကဒ် စက်ကနေ ဆုချပါတယ်။ ကလေးတွေနဲ့ နေရတာ တနေ့တမျိုးပါပဲ။
မိန်းခလေးကြိုက်စာအုပ် (Geronimo Stilton)
သူတို့ဆော့တဲ့ဂိမ်း (Animal Kaiser)

Thursday, November 11, 2010
Talking with my daughter
မနေ့ညက သမီးက ကျွန်မအိမ်မှာ နေတဲ့ ကိတ်စနဲ့ ပတ်သက်ပြီး Complaint တက်ပါတယ်။
(၁)သူက နေ့ တိုင်းကျောင်းသွားရပြီး ပင်ပန်းတယ်။
(၂)သူ့ အဖေလဲ နေ့ တိုင်းအလုပ်သွားရပြီး ပင်ပန်းတယ်။
(၃)ကျွန်မက အိမ်မှာ နေရတာ မပင်ပန်းဘူး။ကျွန်မက အိမ်မှာ အချိန်ကို ကြိုက်သလောက် ကိုယ်လုပ်ချင်တာ လုပ်နေတယ်။
(၄)ပြီးတော့ ကျွန်မက နေ့ တိုင်းကွန်ပျူတာရှေ့ မှာ ထိုင်နေတာကို အလုပ်လဲ မလုပ်ပဲနဲ့ အငြိမ်သားနေနေတယ်
လို့ အချက် (၄) ချက် Complaint တက်ပါတယ်။
သူ့ အမြင်မှာ နေ့ တိုင်းအပြင်ထွက်ပြီး အလုပ်လုပ်တာကို တမျိုးမြင်ပုံရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်လောက သူနဲ့ သူ့ ကာတွန်းအတူ ထိုင်ကြည့်တော့ အလုပ်ရှင်တစ်ယောက် အလုပ်မလုပ်ပဲ အိမ်မှာနေပြီး သူ့ သမီးက သူ့ ကို "Dad, got a job." ဆိုပြီး ပြောတဲ့အခန်းပါလာတာ ပြန်သတိရပါတယ်။
ကိုင်း သင်တို့ ဆိုရင် ဘယ်လို ဖြေရှင်းမလဲ။
ဟိုတစ်လောကတော့ ကျွန်မလုပ်နေတဲ့ အလုပ်ကို သူ့ ကိုပြောပြပါတယ်။ အလုပ်စာရင်းကိုလဲ ပြပါတယ်။
အဲဒါကို သူမမှတ်မိတာလား၊ သူ့ Shadowက ဘာတွေပြောနေတာလဲ မသိပါဘူး။
သေချာတာ တစ်ခုကတော့ သူ့ ကို ငယ်ငယ်ကထဲက "Rich Dad, Poor Dad" ပေးဖတ်ရင် ကောင်းမလားလို့ပါ။ (၈)နှစ်ဆိုတော့ ကာတွန်းများ ရှိမလားလို့ ရှာကြည့်လိုက်အုံးမယ်။
အလုပ်နားတဲ့ အကြောင်းပြောတုန်းက အမေနဲ့ နေရတာကို အင်မတန်ဝမ်းသာသွားတဲ့ သမီးက ရုတ်တရတ် ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အကြောင်းရှိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စောဒက မတက်ပဲ လုပ်သင့်စရာရှိတာ လုပ်ရမှာပေါ့။ သူ့ ကိုတော့ ရှင်းပြစရာရှိတာ ရှင်းပြလိုက်ပါတယ်။
(အော်၊ ဒါနဲ့ အိမ်မှာ အိမ်ဖော်လဲ ရှိပါတယ်။)
Whatever, life goes on!! Because I don't care!!
မေ့တော့မလို့။ သမီးက နောက်နှစ်ဆို P3 ရောက်ပါပြီ။

Tuesday, November 09, 2010
孫の二乗の法 - Business App (Japan)
孫の二乗の法 (အခမဲ့)
ဒီApp ကတော့ ဂျပန်နိုင်ငံရဲ့ Softbank Companyရဲ့ Founderနဲ့ Chief Executive Officer Mr.Masayoshi Son ရဲ့ စီးပွားရေး ဖီလောတွေကို ကိုယ်စားပြုထားပါတယ်။
Kanji ၂၅လုံးကနေ လူတွေကို Visonအကြောင်းရှင်းပြသွားမှာ ဖြစ်ပါတယ်။
အသေးစိတ်က အင်မတန်နက်နဲ ခက်ခဲလှတဲ့အတွက် နောက်မှ တင်ပြပါတော့မယ်။
http://agora-web.jp/archives/1098416.html

Monday, November 08, 2010
Subscribe to:
Posts (Atom)