Showing posts with label Leave. Show all posts
Showing posts with label Leave. Show all posts

Sunday, December 05, 2010

Retire from work and work at home? - on leave Day 1

အလုပ်ဆက်လုပ်ချင်ပါတယ်။ ကလေးကလဲ နောက်နှစ်ဆိုကျောင်းက အရေးကြီးတဲ့နှစ်ထဲရောက်ပါပြီ။ ဒါပေမယ့် လက်ရှိလုပ်နေတဲ့ အလုပ်က တရုတ်ပြည်ကိုပြောင်းတာနဲ့  အချိန်ကိုက်လို့ ဆိုရမလား။ ပိုက်ဆံကိတ်စ က ခေါင်းခဲပါတယ်။  ကလေးကိုရွေးမလား၊ Career ကိုရွေးမလား။ ဘ၀ရဲ့ လမ်းခွဲရမယ့် အချိန်ကိုရောက်လာပါတယ်။  နဂိုကထဲက လက်ရှိအလုပ်ကို ကြိုက်လွန်းလို့ စင်ကာပူရောက်ကထဲက တစ်ခါမှ မပြောင်းရသေးပါဘူး။ အဲဒီမှာတင် (၃)နှစ်ကြော်ကြာခဲ့ပါတယ်။  ဘာကြောင့်ကြိုက်လဲဆိုတော့ ကုမဏီရဲ့  ဖွဲ့ စည်းပုံကို ကြိုက်ပါတယ်။ သူတို့ က စီးပွားရေးလောကရဲ့ Main Business တွေကြီးပဲ ကိုင်ထားပါတယ်။ Media, Finance, Law, Account, Medical, R&D. အရမ်းတော်တယ်တဲ့ ထင်ပါတယ်။ စီးပွားရေးမှာ အရေးကြီးတာက သတင်းပါ။  အခုလောကဆိုရင် ငွေသတင်းက အရေးကြီးပါတယ်။ နောက်တစ်ချက်က Account မပိုင်ရင် ဘယ်စီးပွားရေးမှ မရပ်တည်နိုင်ပါဘူး။ Account ကိုင်လို့ ရှိရင်လဲ ဥပဒေနဲ့ ပတ်သတ်တဲ့ ကိတ်စတွေက ရှောင်လွှဲလို့ မရပါဘူး။ နောက်ပြီး အခုခောတ်က ဥပဒေမနိုင်ရင် တစ်ချက်ထဲနဲ့ ရှာထား၊ စုဆောင်းထားတာတွေက ဂိသွားနိုင်ပါတယ်။ စီးပွားရေးမှာ Substaintible ရှိဖို့ အတွက် ခောတ်နဲ့ ကိုက်ညီဖို့ လိုပါတယ်။ အဲဒီအတွက်က R&D  မရှိရင် ဘယ်လောက်ကြီး သတင်းရရ၊ အိတ်မပေါက်အောင်ဖာနိုင်နိုင်၊ ဘယ်လောက်ပဲ ကာနိုင်နိုင် ရှေ့ ဆက်သွားလို့ မရပါတယ်။ နောက်တစ်ခုက Medical ပါ။ အဲဒီလို အဓိက အချက်တွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖွဲ့ စည်းထားတဲ့ ကုမဏီကို အရမ်းကြိုက်ပါတယ်။ ကိုယ့် ရဲ့ Position ကဘာမှ မဟုတ်ပေမယ့် အဲဒီမှာ အလုပ်လုပ်ရတာကို ဂုဏ်ယူပါတယ်။ အဲဒီမှာ ရည်ရှည် လုပ်ရဖို့ က တကယ်တမ်းအရမ်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးနဲ့ တစ်ခြားကိတ်စတွေပါလို့ ပါပဲ။ ပြီးတော့ မြန်မာပြည်လို သာမညကလာလို့  ကြိုးစားခဲ့ပါတယ်။ (ပြောရင်းတောင် ငိုချင်လာပြီး :'( ) လခလဲ နည်းခဲ့ပါတယ်။ သိပါတယ်။ သူများထက် တစ်ဝတ်လောက်တောင် မရှိပါဘူးလို့ ထင်ပါတယ်။ လခsurveyတွေနဲ့ ကွာလို့ပါ ။ ဒါပေမယ့် ကြိုက်လို့ ပေတေနေခဲ့ပါတယ်။ 
မတက်နိုင်ပါဘူး။ လမ်းခွဲချိန်ရောက်လို့ လမ်းခွဲခဲ့ရပါတယ်။


အလုပ်မရှိရင် လူက လူပိန်းဖြစ်လို့  အိမ်မှာနေရင်း ပိုက်ဆံရမယ့် အလုပ်တွေဘာများရှိမလဲ ရှာဖို့ ကြိုးစားပါတယ်။ နောက်တစ်ချက်က အိမ်ဆိုရင် လူရဲ့ Nature နဲ့ Habit က ငပျင်းဖြစ်နိုင်ဖို့ များပါတယ်။ ဒါနဲ့ အလုပ်Enviroment နဲ့ ပတ်သက်ပြီး ရှာဖွေတော့ workingnaked.net ကိုတွေ့ ပါတယ်။ 










သူကတော့ အိမ်မှာ Working Space ကို ဘယ်လို Create လုပ်မလဲဆိုတာ အိုင်ဒီယာလေးတွေ ပေးထားပါတယ်။ ကိုင်း သင်လဲ အိမ်မှာ ကလေးထိန်းရင်း၊ အလုပ်လုပ်တော့မယ်ဆိုရင်တော့ အဲဒီမှာ အိုင်ဒီယာလေးယူနိုင်ပါတယ်။