Showing posts with label IPHONE Apps Review (Myanmar). Show all posts
Showing posts with label IPHONE Apps Review (Myanmar). Show all posts

Friday, November 19, 2010

iBrowser MM - Brower App (Myanmar)

 iBrowser MM (အခမဲ့)
ထုတ်ဝေသူ : Alfred Thet /  ကုမ္ပဏီ :   http://    / ရက်စွဲ (Ratings) : September 17, 2010 (17+) / Version (Size) : 1.1.1  (296KB)
မြန်မာစာရဲ့  ယူနီကုဒ်ပြသနာက မောဘိုင်းလ်ဖုန်းအထိ ပါလာပါတယ်။ မြန်မာစာနဲ့ ရိုက်ထားတဲ့ အီးမေးလ်တို့ ၊ မြန်မာဝက်ဘ်ဆိုဒ်တို့ ကို မြန်မာလို ကြည့်လို့မရတာတို့ ၊ မြန်မာလို SMSပို့ လို့ မရတာတို့ ၊ မြန်မာလို ချက်တင်လုပ်လို့ မရတာတဲ့ ဒုတ်ခပါပဲ။ဒီကြားထဲ ဇော်ဂျီ၊ မြန်မာယူနီကုဒ်ဖောင့်၊ စသည့်ကိတ်စပါ ပါလာတော့ ပိုရှုပ်ကုန်ကော။


လူတွေက Jail Breakဖက်ကို ပြေးကြပါတယ်။ Jail Break မလုပ်ချင်တဲ့ လူတွေကတော့ ထိုင်စောင့်ကြပါတယ်။ 


အဲ၊ အားလုံးတော့ မဟုတ်ပေမယ့် အပေါ်က ဒုတ်ခတစ်ချို့ ကို ကယ်တင်ပေးမယ့် အိုင်ဘလော်ဇာ App ကလေးပေါ်လာပါတော့တယ်။ ကိုAlfred က ကယ်တင်ပေးလိုက်တဲ့ ဒုတ်ခတွေကတော့ Gmail ကို မြန်မာလို ကြည့်နိုင်ခြင်း၊ Facebookလဲ ကြည့်နိုင်ခြင်း၊ Gtalkမှာလဲ ၀င်တောက်ခ်နိုင်ခြင်း၊ မြန်မာဝီကီကြည့်နိုင်ခြင်း အပြင် မိမိကြည့်လိုတဲ့ ၀က်ဘ်ဆိုဒ်ကိုပါ ကြည့်ရှုနိုင်ရန်လုပ်ဆောင်ပေးထားပါတယ်။


ဒါ့အပြင် လူတိုင်းအခမဲ့သုံးဆွဲနိုင်ကြောင်းပါ သတင်းကောင်းလေးပါရှိပါတယ်။

Monday, November 08, 2010

Ornagai - Dictionary App (Myanmar)

Ornagai (US$0.99)

ထုတ်ဝေသူ :  /  ကုမ္ပဏီ :   http://github.com/saturngod/ornagai-V2 / ရက်စွဲ (Ratings) : October 29, 2010 (19 Ratings) / Version (Size) : 1.4.4 (iOS 4.0 tested) (2.0MB) 


ဒီနေ့ မိတ်ဆက်ပေးမယ့် Appကတော့ အင်္ဂလိပ်မြန်မာ အဘိဓာန်ပဲ ဖြစ်ပါတယ်။ ဒီ Appကလေးက paid app ဖြစ်ပေမယ့် offline သုံးလို့ ရအောင် စီစဉ်ထားခြင်း၊ မြန်မာစာလုံးအတွက် မမြင်ရမည့် ကိတ်စအတွက် စိတ်ပူရန်မလိုခြင်း၊ onlineတွင်လဲ သုံးလို့ ရအောင် စီစဉ်ထားပေးခြင်း စသည့် သုံးစွဲသူအတွက် စဉ်းစားကာ တီထွင်ထားပေးပါတယ်။ စာလုံးရေများ ဒီ့ထက်တိုးအောင်လဲ အစဉ်အမြဲ ကြိုးစားနေတဲ့ App ဖြစ်သောကြောင့် အားပေးကြရအောင်။