Showing posts with label Revolution History. Show all posts
Showing posts with label Revolution History. Show all posts

Wednesday, November 24, 2010

တော်လှန်ရေး (ပြင်သစ်) - 2

ベルサイユの薔薇 ရဲ့  ဇတ်ကောင် ဖွဲ့ စည်းမှုကတော့ မင်းသား၊ မင်းသမီး၊ လုအိ(၁၆)၊ မယ်ရီ အန်းတော့ဝဒ်၊ တော်လှန်ရေးခေါင်းဆောင်များ၊ ဘုရင့်မိသားစုဝင်များ ဖြစ်ပါတယ်။
 ဒီပြင်သစ်တော်လှန်ရေးရဲ့  ပြသနာကို အားလုံးက အစကတော့ မယ်ရီ အန်းတော့ဝဒ် ဘုရင်မကို အပြစ်ပုံချကြပါတယ်။ နောက်ပိုင်းမှာတော့ ဘုရင်မရဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီး သုသေတနပြုကြတော့ အတင်းစကားကနေပြီး အတည်ဖြစ်သွားတဲ့ သဘောဖြစ်သွားပါတယ်။ အခုခောတ်စကားအရဆိုရင် PR (Public Relation) ၀န်ထမ်းမရှိရင် ဒီလိုဖြစ်သွားနိုင်တယ်လို့ ပြောရမလို ဖြစ်နေပြီ။ နိုင်ငံတိုင်းမှာ ဒီလိုပြသနာတွေ ရှိပါတယ်။ PR မနိုင်ရင်တော့ မြန်မာပြည်လိုမျိုး ဖြစ်မယ်ထင်တာပဲ။ 
ပြီးတော့ သင့်ပတ်ဝန်းကျင်မှာ သင့်ရဲ့ အတွင်းလူက သင့်ကွယ်ရာမှာ သင့်အတင်းတွေ လိုက်ချနေပြီဆိုရင်တော့ သတိသာ ထားပေတော့။ မယ်ရီ အန်းတော့ဝဒ်လို ဘ၀ကို မရှုမလှ ဇတ်သိမ်းရဖို့ များပါတယ်။





















နောက်ဆုံးတော့ ဘုရင်မက ပြင်သစ်နန်းတွင်းထဲက သူ့ ယောက်ကထီးရဲ့  နောက်မိန်းမနဲ့ သူ့ ယောင်းမတွေ အားပြိုင်တဲ့အရှုပ်တော်ပုံထဲက ကျားကွက်တစ်ခုဖြစ်သွားပြီး၊ သူ့ ယောက်ကျားညံ့ဖြင်းမှုလဲပါသလို၊ သူရဲ့ လိုအပ်မှု၊ လောကကြီးရဲ့  ညစ်ပတ်မှု အားလုံးစုသွားပြီး အခုလိုဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူက အော်စတီရားကနေပြီး ပြင်သစ်ကို တစ်ယောက်ထဲလာရတာလဲ သနားပါတယ်။ ကံမကောင်းတဲ့ ဘုရင်မထဲက တစ်ယောက်ပါပဲ။


ဘုရင်မရဲ့  နာမည်ကြီး စကားတစ်ခွန်းကတော့ 
"ပေါင်မုန့် မရှိရင် မုန့် စားပါလား" ပဲဖြစ်ပါတယ်။
ပြင်သစ်လိုကတော့ “Qu'ils mangent de la brioche”.

အချိန်ရရင် ဘုရင်မအကြောင်းကို အသေးစိတ်ရေးလိုပါတယ်။
ဆက်ရန်...

Tuesday, November 23, 2010

တော်လှန်ရေး (ပြင်သစ်)

တော်လှန်ရေးလို့  ရေးလိုက်လို့  တမျိုးမထင်ကြပါနဲ့ ။ 
ဘယ်ဘက်မမှ မဟုတ်သလို ဘာမှမသိတဲ့ သာမာန်လူတစ်ယောက်ပါ။
ကျောင်းတုန်းက World History မှာ တော်လှန်ရေးများစွာ သင်ရတဲ့ အထဲမှာ ပြင်သစ်တော်လှန်ရေးက ခေါင်းထဲမှာ စွဲနေပါတယ်။ ပြင်သစ်တော်လှန်ရေးက ခေါင်းထဲစွဲရတဲ့ အကြောင်းက ကျောင်းစာတစ်ခုထဲကြောင့် မဟုတ်ပါဘူး။ အပြင်က influenceက များပါတယ်။ အထူးသဖြင့် အခုထက်ထိ ခောတ်စားနေတဲ့ ကာတွန်းベルサイユの薔薇ပါ။













ဒီကာတွန်းက 少女コミックဖြစ်လို့  ကောင်မလေးတွေ အဖတ်များကြပါတယ်။ ပြင်သစ်ဘုရင် လုအိ(၁၆) (Louis XVI de France) မှာ ဖြစ်ပေါ်မယ့်   ပြင်သစ်တော်လှန်ရေးအကြောင်းကို   မြှီးကောင်ပေါက်အကြိုက် အချစ်ဇတ်လမ်းအနေနဲ့  ရေးဖွဲ့ ထားတာပါ။ 




































ပိုပြီး စိတ်ဝင်စားစရာကောင်းတာ ကတော့ မင်းသမီးကို သူ့ ရဲ့ အဖေက ယောက်ကျားလေးတစ်ယောက်လို ပြုစုပျိုးထောင်လာပြီး မင်းသားနဲ့ တွေ့ တာတို့ ဘာတို့ ပါပဲ။ မိန်းခလေးဖြစ်ပေမယ့် ဖခင်ကြောင့် အင်မတန်တော်သလို နန်းတွင်းမှာလဲ နေရာရလာ၊ မင်းသားနဲ့ တွေ့ ၊ ဘုရင်မရဲ့  သက်တော်စောင့်ဖြစ် ဆိုပြီး ဇတ်လမ်းက ဖတ်လို့ ကောင်းပါတယ်။


ဒီဇတ်ကို ဂျပန်မှာ အမျိုးသမီးတွေကြီးပဲ ကတဲ့ဇတ်အဖွဲ့ တစ်ခုက ကတော့ အဲဒီခောတ်မှာ အမြဲတမ်း ရုံအပြည့်လို့  ပြောပါတယ်။ 
 http://ja.wikipedia.org/wiki/%E5%AE%9D%E5%A1%9A%E6%AD%8C%E5%8A%87%E5%9B%A3