Lazy and wonderful Life with no bias on value of concept and etc..
Showing posts with label Bakery. Show all posts
Showing posts with label Bakery. Show all posts
Saturday, December 04, 2010
Friday, December 03, 2010
Waffles
သမီးရော အမေပါ ရေခဲမုန့် ဆိုင်မှာ စားခဲ့တဲ့ Waffle ကိုကြိုက်ကြလို့ အိမ်မှာ လုပ်မယ်လို့ တိုင်ပင်ထားတာ ဒီနေ့ လုပ်ဖြစ်ပါတယ်။ ဆိုင်မှာရောင်းတဲ့ ပုံစံဖြစ်ချင်ပေမယ့် အဲဒီစက်က (၇၀)ဒေါ်လာလောက်ရှိလို့ အိမ်သုံးလေးပဲဝယ်လာလိုက်ပါတယ်။
ဟိုတစ်နေ့ က ၀ယ်လာတဲ့ BettyCooper အမှုန့် ကိုပဲ သုံးပြီး Waffle လုပ်ဖြစ်ပါတယ်။ အိမ်မှာချောကလက်ရှိနေလို့ အရေဖျော်ပြီး ချောကလက် Waffle ပါလုပ်လိုက်ပါတယ်။
Tuesday, November 30, 2010
Moist Chocolate Cake
ဒါလဲ Ready Made Mix ပါပဲ။ ချောကလက်ကိတ်မုန့် ကို အိမ်ရှေ့ အိမ်က လာပို့ လဲ အစားအသောက် အင်မတန်ဂျီးများတဲ့ သမီးက ရှားရှားပါးပါး စားလို့ NTUC မှာ ဈေးသွားဝယ်နေတုန်း ဒီ Mixကိုတွေ့ လို့ ၀ယ်ခဲ့ပါတယ်။ နောက်ပြီး IMMမှာ Philipက Mixer ကိုဈေးချနေတာတွေ့လို့ ကံကောင်းစွာနဲ့ ရခဲ့ပါတယ်။
သမီးက ဒီ Mix ကိုတွေ့ ကထဲက လုပ်ချင်တယ်လို့ ပူဆာတာနဲ့ သားအမိနှစ်ယောက် လုပ်ကြည့်တော့ မဆိုးပါဘူး။ အဲဒီအတိုင်းရလို့ ထပ်ဝယ်ထားတဲ့ Vanilla ဟာလုပ်ကြည့်မလားလို့ ...
သူတို့ ရဲက Web Site မှာ သူတို့ Productတွေနဲ့ ပတ်သက်လို့ Support တွေလဲ ပေးထားပါတယ်။
http://www.whitewings.com.au/
Sunday, November 21, 2010
Pan Cake
ညကြီးတစ်ခေါင် ဗိုက်ဆာလို့ ထအော်ပြီး PanCake ကိုအတင်းလုပ်ခိုင်းလို့ ဒီနေ့ မနက်ပဲNTUCကနေ ၀ယ်လာခါစ PanCakeMixကို ထလုပ်ပေးရပါတယ်။ Ready Madeက မပုပ်သိုးအောင်ထည့်ဆေးတွေထည့်ထားလို့ ကျန်းမာရေးအတွက် ရေရှည်သိပ်မကောင်းပေမယ့် ဒီလိုအချိန်တွေဆို အလျှင်းမီလို့ ကောင်းပါတယ်။ ပြီးတော့ အလုပ်မရှုပ်ပါဘူး။
တကယ် ကိုယ့်ဘာသာကိုယ်ထလုပ်မယ်ဆိုရင် ဂျုံမှုန့်၊ ကြက်ဥ၊ နွားနို့၊ သကြား၊ ဆား၊ Baking Power၊ Vanilla Essense တို့ ကိုစုပြီး ချိန်၊ ပြီးတော့ ဇကာစစ်၊ စသည်တို့ က လက်ဝင်ပါတယ်။ Bakerပစွည်းတွေ မရှိရင် ၀ယ်ရပါသေးတယ်။ ဒီ Ready Made ကျတော့ ဘာမှ မလိုပါဘူး။ ဗူးကညွှန်ပြထားတဲ့အတိုင်း Pan Cake Mixနဲ့ ရေကို ရောရုံပါပဲ။ အချိန်ကုန်ခြင်း၊ အလုပ်ရှုပ်ခြင်း၊ ပစွည်းရှာရခြင်း၊ ဆေးကြောရခြင်း၊ သိမ်းဆည်းရခြင်း ဒုကွများနဲ့ ကင်းပါတယ်။
http://www.bettycrocker.com/ကထုပ်ထားတဲ့ PanCakeဖြစ်လို့ သူတို့ ၀က်ဘ်ဆိုဒ်ထဲ ၀င်ကြည့်တော့ အိမ်ရှင်မတွေအတွက် ၀မ်းသာစရာ မုန့် လုပ်မယ့်Ready Madeတော်တော်များများတွေ့ ပါတယ်။
သူတို့ ၀က်ဘ်ဆိုဒ်က ဂိမ်းတို့ ဒေါင်းလုပ်တို့ ပါပေးထားလို့ ၀င်ကြည့်လိုက်တော့ Window PCအတွက် ဂိမ်းများနဲ့ Utility Softwareတော်တော်များများ အပြင် အိုင်ဖုန်း Appပါ ရှိပါတယ်။
ဒီနေ့ ညရဲ့ ညစာကို ဘာချက်ကြမလဲ။ ခေါင်းခဲမနေပါနဲ့ ။ ကမာမှာ နာမည်ကြီးတဲ့ Betty Crocker Cookbook အိုင်ဖုန်းApp ကလေးမှာသာ ရှာလိုက်ပါ။ သင်လိုချင်တာ တွေ့ မှာပါ။
ကလေးတွေအတွက် Thanksgiving Dayနဲ့ ပတ်သက်တဲ့ ဆော့ဖ်ဝဲလ်လေးပါ။
သင့်ကွန်ပျူတာကနေပြီး မီးဖိုချောင်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို အကူအညီပေးပါတယ်။
Desktop Recipe Calendars
သင့် Desktopမှာ သွားရေယိုစရာ Calendar လေးတင်ထားရအောင်။
St. Patrick's Day Downloads
ဒါကတော့ ပစွည်းရှာဖွေရမယ့် ဂိမ်းကလေးပါ။
Dream Day First Home Fun!
သင်အိမ်မက်ထဲက အိမ်ကို သင့်အကြိုက် ဒီဟာလေးနဲ့ အလှဆင်ကြည့်ရအောင်။
Mighty Giants, Mighty Fun!
Healthy Eatingနဲ့ ပတ်သက်ပြီး သင်ပေးတာလေးပါ။
Halloween Pumpkin Templates
ခေါင်းစဉ်အတိုင်း Halloween Pumpkin ကို ဒီဇိုင်းထွင်ကြရအောင်။
အနောက်နိုင်ငံများမှာတော့ Pan Cake ကိုPlainတင်မဟုတ်ပဲ ဟင်းသီးဟင်းရွတ်ထည့်ပြီး Bake ကြတယ်လို့ ပြောပါတယ်။ (အားမှ လုပ်ကြည့်အုံးမှပဲ)။
နိုင်ငံတချို့ ရဲ့ ခေါ်ပုံခေါ်နည်းတွေကတော့
အမေရိကန် = Pan Cake, Hot Cake, Grill Cake (Panနဲ့ ဖုတ်ထားလို့ Pan Cake, ပူတုံးစားလို့ Hot Cake, Grill လုပ်တဲ့ သံပြားပေါ်မှာ ဖုတ်ထားလို့ Grill Cake ဆိုပြီး ခေါ်ပုံအမျိုးမျိုးလို့ ပြောပါတယ်။)
အင်္ဂလန် = Pan Cake
ပြင်သစ် = Crepe Epaisse (Crepe ရဲ့ အမျိုးနွယ်ဖြစ်လို့ ဒီနာမည်ဖြစ်သွားပါတယ်။ Crepe အကြောင်းကိုတော့ နောက်မှ ဆက်ပါမယ်။)
အီတလီ = Frittella
ဂျာမနီ = Pfannkuchen
လို့ ရှာဖွေတွေ့ ရှိပါတယ်။
Pan Cake လို့ သာပြောပေမယ့် Pan Cake လုပ်ပုံလုပ်နည်း မြောက်များစွာရှိပါတယ်။ အိမ်ရှင်မတွေပေါ် မူတည်ပြီး House Specialတွေ၊ Secret Receipe များစွာရှိလို့ စိတ်ဝင်စားစရာပါပဲ။

Pan Cake နှင့် Hot Cake
ကျောင်းတုန်းက Hot Cake ဆိုပြီးသင်ခဲ့ရလို့ ホットケーキミックス လို့ ထင်ပေမယ့် အင်္ဂလန်လို Pan Cakeလို့ ခေါ်တာများပါတယ်။ ဒါနဲ့ ဆက်ပြီးလေ့လာကြည့်တော့ တော်တော်များများက အတူတူပဲလို့ ပြောကြပေမယ့်၊ တချို့ ကတော့ Hot Cake ကထူပြီး၊ Pan Cake ကပါးပြီး ဆားအရသာဖြစ်ပြီး Syrupနဲ့ စားကြတယ်လို့ လဲ ပြောပါတယ်။ မှတ်မိသလောက်ကတော့ Hot Cake က နွားနို့ ပူပူ (သို့) အေးအေးနဲ့ စားရတာ အရသာပိုရှိပြီး၊ Pan Cake ကတော့ Syrupနဲ့ ထောပတ်များများပိုထည့်ပြီး ကော်ဖီနဲ့ စားရတာ အရသာ ပိုရှိသလိုပါပဲ။အနောက်နိုင်ငံများမှာတော့ Pan Cake ကိုPlainတင်မဟုတ်ပဲ ဟင်းသီးဟင်းရွတ်ထည့်ပြီး Bake ကြတယ်လို့ ပြောပါတယ်။ (အားမှ လုပ်ကြည့်အုံးမှပဲ)။
နိုင်ငံတချို့ ရဲ့ ခေါ်ပုံခေါ်နည်းတွေကတော့
အမေရိကန် = Pan Cake, Hot Cake, Grill Cake (Panနဲ့ ဖုတ်ထားလို့ Pan Cake, ပူတုံးစားလို့ Hot Cake, Grill လုပ်တဲ့ သံပြားပေါ်မှာ ဖုတ်ထားလို့ Grill Cake ဆိုပြီး ခေါ်ပုံအမျိုးမျိုးလို့ ပြောပါတယ်။)
အင်္ဂလန် = Pan Cake
ပြင်သစ် = Crepe Epaisse (Crepe ရဲ့ အမျိုးနွယ်ဖြစ်လို့ ဒီနာမည်ဖြစ်သွားပါတယ်။ Crepe အကြောင်းကိုတော့ နောက်မှ ဆက်ပါမယ်။)
အီတလီ = Frittella
ဂျာမနီ = Pfannkuchen
လို့ ရှာဖွေတွေ့ ရှိပါတယ်။
Pan Cake လို့ သာပြောပေမယ့် Pan Cake လုပ်ပုံလုပ်နည်း မြောက်များစွာရှိပါတယ်။ အိမ်ရှင်မတွေပေါ် မူတည်ပြီး House Specialတွေ၊ Secret Receipe များစွာရှိလို့ စိတ်ဝင်စားစရာပါပဲ။
Subscribe to:
Posts (Atom)