Friday, January 07, 2011

Iphone Apps summary for Chinese New Year

တရုတ်နှစ်သစ်ကူးနဲ့  ပတ်သက်တဲ့ Countdown iPhone Application များရှိမလားလို့ ရှာကြည့်တော့ ထူးဆန်းစွာ ဒီနှစ် (၂၀၁၁) ယုန်နှစ်အတွက် မရှိပါဘူး။ ယုန်နှစ်အတွက် ရှိတာကတော့ ဗေဒင်လို့ ခေါ်မလား၊ Paid Apps တော့ရှိပါတယ်။

Google ထဲတောင် တက်ရှာပေမယ့် အရင်နှစ် (ကျားနှစ်)ကဟာတွေပဲ တွေ့ ပါတယ်။ အဲဒါနဲ့ စိတ်ပျက်ပြီး App Store ထဲမှာ လျှောက်ကြည့်နေတော့ Chinese New Year နဲ့  ပတ်သက်တဲ့ Category (၅) မျိုး တွေ့ ပါတယ်။

(၁) Chinese New Year Greeting (SMS, ECards)
(၂) Lion Dance Application
(၃) Chinese New Year Prediction (till 2400? / ဘယ်နှစ်မှာ ဘယ်အကောင်လဲ Zodic and Chinese New Year)
(၄) Chinese New Year တစ်နှစ်တာဟောတမ်း
(၅) Other (Fire Cracker Apps, etc..)


Paid Apps တွေများလို့  စိတ်ဝင်စားသူများ ၀ယ်ယူနိုင်ပါတယ်။

နောက်နေ့ မှာတော့ တရုတ်နှစ်သစ်ကူးအပြီး အလုပ်အပြောင်းအရွေ့ တွေများလို့  အလုပ်ရှာတဲ့ iPhone Apps ကို မိတ်ဆတ်ပေးပါရစေ။

Thursday, January 06, 2011

iChangi - Airport App SG No.19

iChangi (အခမဲ့)

ထုတ်ဝေသူ : Changi Airport Group Ltd
ကုမ္ပဏီ : Changi Airport Group (Singapore)
http://www.changiairportgroup.com
Post Date : January 4, 2011
Version : 1.5.2 (iOS 4.0 Tested)
Size : 5.5 MB
Rating : 4+
Rating : 239 Ratings

Tab (၅)ခု ပါရှိပါတယ်။
(၁) Search Flight 
ဒီမှာ Arrivals နဲ့  Departures နှစ်မျိုးစလုံးကို (၃) ရက်စာ (မနေ့ ၊ ယနေ့ ၊ မနက်ဖြန်) ရှာနိုင်ပါတယ်။
သင် Flight Number နဲ့ ရှာမလား၊ လေယာဉ်ထွက်လာတဲ့ နိုင်ငံရဲ့ လေယာဉ်ကွင်းနာမည်နဲ့ ရှာမလား၊ လေကြောင်းနာမည်နဲ့ ရှာမလား၊ ကြိုက်သလို ရှာလို့ ရပါတယ်။


Flight No. နှင့် ရှာခြင်း
Search Flight တွင် 8M231 ကိုရိုက်ထည့်သောအခါ
























ညာဘက်အပေါ်ဒေါင့်က Legends ကို နှိပ်လိုက်လျှင် စားသောက်ဆိုင်၊ အိမ်သာ၊ စသည့် စသည့် အသေးစိတ်ပေါ်လာပါသည်။

















(၂) My Flight
ဒီနေရာမှာကတော့ ကိုယ်က Saved ထားတဲ့ Flight ရှိခဲ့လို့ ရှိရင် အဲဒီ Flight က Delayed (နောက်ကြခြင်း)၊ Re-timed (အချိန်အသစ်ထွက်ခြင်း)၊ Cancelled (ခရီးစဉ်ပျက်ခြင်း)၊ New Gate (ဂိတ်အသစ်ဖြစ်ခြင်း) တို့ ကို ကြည့်လို့ ရပါတယ်။ Arrival Flight ဆိုရင် Confirmed (လေယာဉ်သေခြာခြင်း)၊ Landed (လေယာဉ်ဆိုက်ရောက်ခြင်း) / Departure Flight ဆိုလျှင် Boarding (ခရီးသည်များ လေယာဉ်ထဲသို့ ၀င်ရန်ခေါ်ခြင်း)၊ Last Call (နောက်ဆုံးဧည့်သည်ခေါ်ခြင်း) တို့ ကိုပါ ကြည့်လို့ ရပါတယ်။

















(၃) Shop and Dine
လေယာဉ် Check-in ၀င်ပြီး ဗိုက်ဆာနေတယ်ဆိုရင်၊ (သို့ ) အသိနဲ့ ကော်ဖီဆိုင်ထိုင်ချင်တယ်ဆိုရင် (သို့ ) ၀ယ်စရာ ချမ်းစရာများရှိရင် (လက်ဆောင်ပစွည်း ၀ယ်မယ်ဆိုရင်တော့ Immigration Check-in ၀င်ပြီးမှ အထဲက Duty Free Shop မှာ ၀ယ်နိုင်ပါတယ်) ဒီ Shop and Dine ကို နှိပ်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဆိုင်ကို ရှာနိုင်ပါတယ်။


















(၄) Highlights
Changi Airport ရဲ့  ကြေငြာကို ဒီမှာ ကြည့်နိုင်ပါတယ်။ ခရစ်စမက်ဆိုရင် ဘယ်နားလေးမှာ Decoration လုပ်ထားတာတို့ ၊  4 million မြောက် ခရီးသည်က ဒေါ်လာ (၁)သောင်းဖိုး Changi Airport ထဲမှာ အလကား Shopping လုပ်လို့ ရ တာတို့ စတဲ့ သတင်းများကို ဖတ်နိုင်ပါတယ်။

















(၅) Airport Info
ဒီမှာကတော့ 
1. To & From Airport
2. Inter - Terminal Transfer
3. Contact 
တို့ ပါရှိပါတယ်။ 

Tuesday, January 04, 2011

Take a rest!! (Got problem with iTune Password)

Need to format Mac??? Trying all ways to solve, still can't download iphone apps, syncronize app or do anything... :'(

Saturday, January 01, 2011

Happy New Year Everybody!! Welcome 2011.

Happy New Year from Merlion Singapore!!
By Nikon D90