Thursday, December 02, 2010

Flying Books Library => Anybody interested?

အောက်က အတိုင်း စာကြည့်တိုက်ကို လုပ်ချင်ပါတယ်။
အိုင်ဒီယာက ဒီလိုပါ။ 














လူတိုင်းကိုယ်ရှိတဲ့ စာအုပ်ကို စာကြည့်တိုက်မှာ ထားထားလို့ ရပါတယ်။ လှုလဲရပါတယ်။
စာအုပ်List ကို Blog ထဲမှာပဲထားပြီး ငှားချင်တဲ့လူတဲ့ ငှားမယ့်လူက တိုက်ရိုက်အပေးအယူ လုပ်ကြပါ။
စာအုပ်ကိုတော့ နေရာတစ်ခု သတ်မှတ်ပြီး ငှားချင်တဲ့လူနဲက ငှားမယ့်လူက အဆင်ပြေမယ့် နေရာမှာသွားထားပါ။ ပြန်အပ်ချင်လဲ အဲဒီလိုပါပဲ။ Fixed Place ကိုတော့ စာကြည့်တိုက်မှာ ထားထားလဲ ရပါတယ်။


ဥပမာ အောင်အောင်က အလုပ်နဲ့ ပတ်သက်တဲ့  ကွန်ပျူတာ သုံးပုံသုံးနည်း စာအုပ်ကို လိုချင်တယ် ဆိုပါတော့။အဲဒီစာအုပ်ကို သူက စာကြည့်တိုက်ရဲ့  ၀က်ဘ်ဆိုဒ်ထဲမှာ ရှာပါမယ်။ အဲဒီအထဲမှာ သူလိုချင်တဲ့ စာအုပ်ရှိတဲ့လူက (၃) ယောက်ရှိတယ်။ အဲဒီအထဲက တစ်ယောက်ဆီက ငှားလို့ ရပါတယ်။ နီလာအိမ်က အောင်အောင်နဲ့ နီးရင် ချိန်းပြီး ငှားမလား၊ စာကြည့်တိုက်ရှိတဲ့ နေရာမှာ စာအုပ်သွားထားမလား လုပ်လို့ ရပါတယ်။ အဲဒါကို အောင်အောင်က သွားယူရုံပါပဲ။ ဒါက Hard Copy Case ပါ။ 
Soft Copy ရှိတယ်ဆိုရင်တော့ အချင်းချင်း အီးမေးလ် (သို့ ) ဒေတာပေးရုံပါပဲ။


ကောင်းချက်။
ဝယ်ထားတဲ့ စာအုပ်ကို စာကြည့်တိုက်က အလယ်ကနေပြီး စီစဉ်ပေးတာပါပဲ။


ကိုယ် မြန်မာပြည်ပြန်တာတို့  ၊ တစ်ခြားနိုင်ငံသွားတဲ့အချိန်တို့၊ အသိကို လက်ဆောင်ပေးချင်ရင် စာကြည့်တိုက် စာရင်းထဲကနေ ပြန်နှုတ်လို့ ရပါတယ်။ ပိုက်ဆံလိုလို့ ရောင်းစားချင်ရင်လဲ ပြန်စာကြည့်တိုက် စာအုပ်စာရင်းထဲက နှုတ်ရုံပါပဲ။ 


စာအုပ်ကို မူရင်းပိုင်ရှင်ကပဲ ပိုင်ပါတယ်။ စာကြည့်တိုက်ကို လှုချင်ရင်လဲ ရပါတယ်။


ဒီအစီအစဉ်အတွက် အောက်ပါလူတွေလိုပါတယ်။
ဒီအစီအစဉ်အတွက် လူရှာပေးနိုင်မယ့်လူ
Organize လုပ်ပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ်ရေးပေးမယ့်လူ
Data Entry လုပ်ပေးနိုင်မယ့်လူ
Graphic ဆွဲ ပေးနိုင်မယ့်လူ
ကာတွန်းဆွဲပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ် Administrator
စာအုပ်ထားမယ့်နေရာကို offer လုပ်ပေးနိုင်မယ့်လူ
ဝက်ဘ်ဆိုဒ်ရဲ့  User Help Desk လုပ်ပေးနိုင်မယ့်လူ
စသည်ဖြင့်...


Any comments? 



Kids of Dream 2010

I love below.
တကသိုလ်တစ်ခုရဲ့  ကျောင်းသားလေးတွေရဲ့  စာတို၊ ပန်းချီနဲ့  ကဗျာလေးတွေကို စုစည်းထားတာတွေ့ လို့ တင်ပြလိုပါတယ်။


ဆုရထားတဲ့ အောက်ကကဗျာလေးကတော့
The Image of Page - by Matthew Bartlett Year 12
The page is an image,
Pointless without words,
Yet I was looking at a profound beauty
Achieved totally without them,
But what is a page without words?


(စာမျက်နှာတွေက ပုံရိပ်ပါပဲ
စာလုံးမရှိရင်တော့ အဓိပွယ်မဲ့နေပါတယ်
စာလုံးတွေမရှိပေမယ့် လေးနက်တဲ့ အလှအပကို ရှာဖွေနေခဲ့မိတယ်
ဒါပေမယ့် စာလုံးမရှိတဲ့ စာမျက်နှာဟာ ဘာလဲ။)


A Reality of Faith - by Henry Maher Year 10
Teachings of love, hope, compassion and love of neighbour suddenly became an interal part of people's lives.


(အချစ်၊ ယုံကြည်ချက်၊ စာနာခြင်းနဲ့  သင့်ရဲ့ အိမ်နီးချင်းကို ချစ်ခင်ချင်းတွေကို သင်ကြားခြင်းဟာ ရုတ်တရက် လူတွေရဲ့ အသက်ရှင်ခြင်းရဲ့  အတွင်းပိုင်းက အစိတ်အပိုင်းတွေဖြစ်ခဲ့တယ်။)



http://www.slideshare.net/heyjudeonline/kids-of-dreams-award-presentation?from=ss_embed
http://www.slideshare.net/heyjudeonline/kids-of-dreams-2010?from=share_email_logout2

http://heyjude.wordpress.com/2010/11/28/kids-of-dreams-2010-marks-21-years/
http://en.wordpress.com/tag/st-josephs-college/


Tuesday, November 30, 2010

Moist Chocolate Cake



ဒါလဲ Ready Made Mix ပါပဲ။ ချောကလက်ကိတ်မုန့် ကို အိမ်ရှေ့ အိမ်က လာပို့ လဲ အစားအသောက် အင်မတန်ဂျီးများတဲ့ သမီးက ရှားရှားပါးပါး စားလို့  NTUC မှာ  ဈေးသွားဝယ်နေတုန်း ဒီ Mixကိုတွေ့ လို့ ၀ယ်ခဲ့ပါတယ်။ နောက်ပြီး IMMမှာ Philipက Mixer ကိုဈေးချနေတာတွေ့လို့ ကံကောင်းစွာနဲ့  ရခဲ့ပါတယ်။ 
သမီးက ဒီ Mix ကိုတွေ့ ကထဲက လုပ်ချင်တယ်လို့  ပူဆာတာနဲ့  သားအမိနှစ်ယောက် လုပ်ကြည့်တော့ မဆိုးပါဘူး။ အဲဒီအတိုင်းရလို့  ထပ်ဝယ်ထားတဲ့ Vanilla ဟာလုပ်ကြည့်မလားလို့ ...
သူတို့ ရဲက Web Site မှာ သူတို့ Productတွေနဲ့ ပတ်သက်လို့  Support တွေလဲ ပေးထားပါတယ်။ 
http://www.whitewings.com.au/



Monday, November 29, 2010

EVOKE New Online Game (A Crash Course in Changing the World by World Bank)






A game that will teach you 
1.Collaboration
2.Creativity
3.Local Insight 
4.Courage
5.Entrepreneurship
6.Knowledge Networks
7.Resourcefulness
8.Spark
9.Sustainability
10.Vision
http://www.urgentevoke.com/
VIDEO => http://vimeo.com/9094186

FRED PERRY - Fashion Apps (Japan)

FRED PERRY (အခမဲ့) 

ထုတ်ဝေသူ : Hit Union Co., Ltd.  / ကုမ္ပဏီ : Hit Union Co., Ltd.  http://www.fredperry.jp/  / ရက်စွဲ (Ratings) : November 24, 2010 (12+ Ratings) / Version (Size) : 1.1 (7.4MB)
ဒီAppက အင်္ဂလန်က နာမည်ကြီး ဖက်ရှင်ကုမဏီရဲ့  App ဖြစ်ပါတယ်။
ဒီ App ကို ဂျပန်နိုင်ငံရဲ့  Fred Perry ရုံးခွဲကနေထုတ်ထားတာဖြစ်ပြီး အိုင်ဖုန်းကနေတစ်ဆင့် သင်ကြိုက်နှစ်သက်တဲ့ Fred Perry အကျီင်္ နဲ့ ပစွည်းတွေကို ဈေးဝယ်လို့  ရအောင် စီစဉ်ထားပါတယ်။


















Fred Perry Company အကြောင်း
အင်္ဂလန်က တင်းနစ်Player Mr.Fred John Perry ကနေ တည်ထောင်ခဲ့ပါတယ်။


ဒီbrandရဲ့  အမှတ်တံဆိပ်ဖြစ်တဲ့ LAUREL of Lease ကို မြင်တဲ့လူတိုင်း ဒီတံဆိပ်က Fred Perry ဖြစ်ကြောင်း လူတိုင်းသိကြသလောက်အောင် နာမည်ကြီးပါတယ်။


ဒါပေမယ့် Fred Perry ကို ဒီတံဆိပ်ကို မစဉ်းစားမိခင် သူကြိုက်နှစ်သက်တဲ့ ဆေးတံကို တံဆိပ်အနေနဲ့ ထုပ်ဖို့ လုပ်ပေမယ့် သူ့ ရဲ့ ပါတနာက ခနစောင့်ခိုင်းစေခဲ့ပါတယ်။ သူက အိုင်ဒီယာပေါင်းစုံရခဲ့ ပေမယ့် နောက်ဆုံးဆုတံဆိပ်ရဲ့  အလည်မှာပါတဲ့ Laurelတံဆိပ်ကို သွားသတိရမိပါတယ်။ ဒါပေမယ့် ဒီတံဆိပ်က All England Tennis Club နဲ့ ပတ်သက်တာဖြစ်ပေမယ့်လဲ သူကသွားရောက်ခွင့်တောင်းခဲ့လို့  နောက်ဆုံးသုံးဆွဲခွင့် ရရှိခဲ့ပါတယ်။ ဒီ Laurelတံဆိပ်ကို Wimbelton နှင့်officially သုံးခွင့်ရရှိထားတာ Fred Perry တစ်ယောက်ပဲ ရှိပါတယ်။ 


ဒီတံဆိပ်ရဲ့ ထူးခြားတာကတော့ Classic, Elegant, Stylish and Free  စတိုင်ဖြစ်လို့  လူကြီးတွေသာမက Musician တွေပါ ကြိုက်နှစ်သက်ကြပါတယ်။ တင်းနစ်ကစားမောင်ရဲ့  ဒီဇိုင်းပီသစွာ အင်္ဂလန်နိုင်ငံရဲ့  Traditional ကျကျပုံစံများကိုလဲ တွေ့ ရှိနိုင်မှာ ဖြစ်ပါတယ်။


 AmyWinehouse စတိုင် ဒီ ဇိုင်းက ထူးခြားပါတယ်။
http://www.fredperry.com/women/amy-winehouse/shirt-with-checkerboard-collar.html




 ဈေးတွေကတော့ ထုံးစံအတိုင်း 100အထက် ရှိပါတယ်။ ဒါပေမယ့် ပေးရကြိုးနပ်ရတဲ့ ဒီဇိုင်းနဲ့  Brand Power ရှိတဲ့အတွက် ၀တ်ရကောင်းပါတယ်။ ကလေးတွေအတွက်လဲ အကျီင်္တွေရှိပါတယ်။ တင်းနစ်ကစားတဲ့လူဆိုရင် Fred Perry ရဲ့ အကျီင်္စတိုင်နဲ့ ပိုမိုလိုက်ဖက်မယ်ထင်တာပဲ။
http://www.fredperry.com/home/
http://www.ec-fredperry.jp/SHOP/345081/list.html

တစ်လောက ဂျပန်ကထုတ်တဲ့ Shopping Catelog မှာ စုစည်းထားတဲ့  collectionတွေက သွားရေကြစရာပါပဲ။


Fred Perry ၀က်ဘ်ဆိုဒ်မှာ ဂိမ်းကစားရင် IPADတို့ ၊ သူတို့ အကျီင်္တွေကို လက်ဆောင်ပေးနေပါပြီ။
သင်အားရင် သင့်ဂိမ်းလက်စွမ်းကို ပြရင်း အင်္ဂလန်က နာမည်ကြီး Musician တွေပါကြိုက်တဲ့ Fred Perry အကျီင်္ကို အရယူကြရအောင်။




Sunday, November 28, 2010

imHungry@SG - Food App SG No.18

imHungry (အခမဲ့)
ထုတ်ဝေသူ :  Nanyang Polytechnic ကုမ္ပဏီ : Nanyang Polytenic  http:// www.nyp.edu.sg/SIT/sit_m.../ ရက်စွဲ (Ratings) : September 29, 2010 (4+) / Version (Size) : 1.1.0 (iOS 4.0 Tested) (542KB)


ဗိုက်ဆာနေတယ်။ သွားဝယ်ဖို့ ကလဲ အချိန်မရှိဘူး။ အားလုံးကလဲ မအားကြဘူး။ အလုပ်ကလဲ ဒီနေ့ ပြီးအောင်လုပ်မှရမယ် (သို့ ) ကျောင်းကဒီ Project ကပြီးမှရမယ်။ ဆိုတဲ့ လူတွေအတွက် ဒီ Appကလေးက ကောင်းမယ်ထင်ပါတယ်။
ဒီ Appရဲ့  Feature ကရှင်းပါတယ်။ Fast Foodတွေ Delivery လုပ်တဲ့နေရာရဲ့  ဖုန်းနံပါတ်တွေကို Main Screen မှာပြထားပါတယ်။ သင်ခေါ်လို့ ရတဲ့ Fast Food ဆိုင်တွေကတော့ MacDonald's, KFC, Pizza Hut, Canadian Pizza, Old Chang Kee, Pastamania, Sakae Sushi, Oishi တို့ ပဲဖြစ်ပါတယ်။


Information နေရာမှာဆိုင်တွေရဲ့  ဆိုင်ဖွင့်ချိန်နဲ့  မြေပုံပါရှိပါတယ်။ သင်ဖုန်းခေါ်ပြီး မမှာချင်ရင် သင်ရှိတဲ့နေရာရဲ့  ပတ်ဝန်းကျင်မှာရှိတဲ့ Fast Foodဆိုင်ကို Nearby နဲ့ ရှာလို့ ရပါတယ်။ 


ကလေးကော လူကြီးကော မိသားစုပါကြိုက်တဲ့ Fast Food အကြောင်းကိုတော့ တစ်ခုဆီ အသေးစိတ်တင်ပြပါအုံးမယ်။