Saturday, November 06, 2010

10 Search Engines to Explore the Invisible Web

10 Search Engines to Explore the Invisible Web

4 Best Business Applications You Can Make Use Of On Facebook

4 Best Business Applications You Can Make Use Of On Facebook

miCoach - DL App No.1

Addidas က ထုတ်ထားတဲ့ အပြေးလေ့ကျင့်ချင်တဲ့ လူတွေအတွက် App. ကလေးပါ။ Voice Coachကော ပါပါတယ်။ မိမိကြိုက်တဲ့Coachကိုပါ ရွေးခွင့်ပေးထားပါတယ်။ ကိုယ်ပြေးမယ့် Routရဲ့  မြေပုံကိုပါ Saveလုပ်ထားလို့ ရပါတယ်။ ကြည့်ရတာ သုံးလို့ ကောင်းမယ့်ပုံပါပဲ။

Reebonz for iPhone - Shopping App SG No.16

Reebonz for iPhone (အခမဲ့)
ထုတ်ဝေသူ : Reebonz Pte Ltd. / ကုမ္ပဏီ : Reebonz Pte Ltd.  http://reebonz.com / ရက်စွဲ (Ratings) : September 29, 2010 (66 Ratings) / Version (Size) : 1.1 (4.7MB)


သင် Luxury Goodsတွေကို အရူးအမူးဖြစ်ပါသလား။ ဘာတွေကို ဘယ်လောက်ဈေးချသလဲ၊ အချိန်ကောင်းစောင့်နေပါသလား။ Luxury Goodsတွေဖြစ်တဲ့ PRADA, BURBERRY,FENDI, D&G, TOD’S, BALENCIAGA, MIU MIU, D&Gစသည်တို့ကို အချိန်မရွေး၊ အခါမရွေး ဒီAppကလေးကနေ ချက်ချင်းဝယ်ယူလို့ရပါတယ်။ နောက်ဆုံးပေါ်ဒီဇိုင်းများကိုလည်း ဆိုင်အရောင်းဈေးထက် ဈေးသက်သာစွာ ၀ယ်ယူနိုင်ပါတယ်။ Salesပုံစံကတော့ ရက်ပေါ်မူတည်ပြီး ဈေးချတဲ့ပစ္ပည်းမတူတဲ့ အတွက်ကြောင့် နေ့စဉ်checkဖို့တော့ လိုအပ်ပါတယ်။ ဒီလိုထူးခြားချက်တွေကြောင့် ဒီAppကလေးကို လူတ်ုင်းဝင်ကြည့်လို့ မရပါဘူး။ Invitationရှိမှ ၀င်လို့ရပါတယ်။

ကိုင်း၊ သင်ဘယ်လိုဝင်နိုင်မလဲ ဒီAppကလေးနေ studyလုပ်ပြီး huntingလုပ်ကြရအောင်

Friday, November 05, 2010

PocketDeals - Shopping App SG No.15

PocketDeals (အခမဲ့)
ဈေးနှုန်း : အခမဲ့ / ထုတ်ဝေသူ : Pocketdeals
/ ကုမ္ပဏီ : Pocketdeals http://www.pocketdeals.com.sg / ရက်စွဲ (Ratings) : September 15, 2010 (No Rating) / Version (Size) : 1.1 (529KB)

 

ဒီ PocketDeals Apps ကတော့ ကြေငြာplatform ဖြစ်တဲ့ www.pocketdeals.com.sgကနေ သတင်းတွေကို စုစည်းထားတဲ့ IPHONE Appဖြစ်ပါတယ်။


ဈေးဝယ်တဲ့ သတင်းတွေနဲ့ ဖွဲ့ စည်းထားတဲ့ Appဖြစ်သောကြောင့် သင်ဘာသတင်းလိုချင်သလဲအပေါ် မူတည်ပြီး ကြိုက်သလို ရှာဖွေနိုင်ပါတယ်။

IPhone Appမရှိသော လူတွေကတော့ ၀က်ဘ်ဆိုဒ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ IPhone မရှိတဲ့ Nokia, Android, Blackberryကိုင်ဆောင်ထားတဲ့ လူတွေအဖို့ တော့ Mobile Web မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် ခနလောက်စောင့်လိုက်ကြပါနော်။

Thursday, November 04, 2010

Forums Reviews App - Shopping App SG No.1

Forums Reviews App (အခမဲ့)


ထုတ်ဝေသူ : CozyCot Pte Ltd. / ကုမ္ပဏီ : CozyCot Pte Ltd http://cozycot.com/app / ရက်စွဲ (Ratings) : May 15, 2010 (63 Ratings)  

ဒီနေ့ တင်ပြမယ့် Appကတော့ အမျိုးသမီးများအတွက် အမျိုးသမီးများက ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ ၀က်ဘ်ဆိုဒ်ကို Iphone မှာ ကြည့်လို့ရအောင် ပြုလုပ်ထားတဲ့ Appပဲဖြစ်ပါတယ်။

ဒီAppမှာကတော့ ကြည့်စရာ၊ ဖတ်စရာ၊ ရှာဖွေစရာ၊ လေ့လာစရာတွေ အင်မတန်များပါတယ်။
သင်အချိန်ရှိမယ်ဆိုရင် သင့်အတွက် လိုအပ်တဲ့သတင်းများကို ရှာဖွေတွေ့ ရှိနိုင်မယ်လို့  မျှော်လင့်ပါတယ်။

ပါရှိသော အရာများကတော့  Forum / Hot Tips / Proucts Review အပြင် Barcode Scannerပါ ပါရှိပြီး အင်တာနက်ပေါ်ရှိဈေးနှင့် Local Price ကိုပါ compare လုပ်နိုင်ပါတယ်။

ထူးခြားချက် : Hitwise Singapore Online Performance Award ကို (၄)နှစ်ဆက်တိုက် နံပါတ်(၁)ရထားပါတယ်။  ဒါ့အပြင် The Singapore Guide To The iPhone 3Gမှာ ကြယ်(၅)ခုရထားပြီး၊ စင်ကာပူနိုင်ငံထိပ်သီးApp(၂၀၀)ထဲက တစ်ခုအပါအ၀င်လဲ ဖြစ်ပါတယ်။

Hitwise Singapore Online Performance Award ကတော့ လူကြိုက်အများဆုံး ၀က်ဘ်ဆိုဒ်ကို ပေးတဲ့ဆုပဲဖြစ်ပါတယ်။ ၀ီကီမှာ လေ့လာနိုင်ပါတယ်။